အိပ်မက်ဆုံရာ ရာသက်ပန် Season 2 မှ ချင်းအဆိုရှင်လေး David Lai နှင့်တွေ့ဆုံခြင်း

0

David Lai

KNT။                   ။ အိပ်မက်ဆုံရာ ရာသက်ပန် Season 2 မှာ ၀င်ပြိုင်ဖို့ ဖြစ်လာပုံလေးပြောပြပါဦး။

David Lai ။         ။ ဒီ အိပ်မက်မှာ မျောခဲ့တာ ကြာပါပြီ၊ ဒီ အိပ်မက်က အလုံးအထည် ဖြစ်လာတော့ ကျနော် ၀င်ပြိုင်ဖို့ စိတ်အား ထက်သန်ခဲ့တယ်၊ ဒါပေမဲ့ ကျတော့်ဖက်က ကွက်လပ်တွေများတယ်၊ ငွေကြေး က အစပေါ့၊ ဘာပဲဖြစ်ဖြစ် ကျတော် ဆာလံ ၂၇: ၁၄ က ဘုရားပေးတဲ့ နှုတ်ထွက်စကားနဲ့ အားယူပြီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ၊

 

KNT။                   ။ ပြိုင်ပွဲဝင် အယောက် ၈၀၀ ထဲက ၁၅ ဦး စာရင်းမှာပါလာနိုင်ဖို့ ဘယ်လိုဖြတ်သန်းခဲ့သလဲ၊

David Lai ။         ။ ဟုတ်ကဲ့၊ သီချင်း မကျင့်ခင် ဆုတောင်းပါတယ်၊ Mode ကို ဟန့်တားမည့် အနှောင် အဖွဲ့တွေ ရှောင်ပါတယ်၊ သီချင်းအမျိုးအစားပေါင်းစုံဆိုရတော့လေ တခါတခါ သီချင်းက ကိုယ်မ ပိုင် တာတွေဖြစ်နေ တတ် တော့ တော်တော် ဒုက္ခရောက်ရပါတယ်၊ Version ပြင်ရတာလည်း အတော်ခက်တယ် ၊ သီချင်း တစ်ပုဒ်အပေါ် ဘယ် လို version နဲ့ တီထွင်ရမလဲ? နားထောင်သူတွေ လက်ခံနိုင်ရဲ့လား စသဖြင့်ပေါ့၊ တကယ့်ကို လုပ်ယူရပါတယ်၊ ဒါပေမဲ့ ဒါတွေကို ၀ါသနာ နဲ့ အနိုင်ပိုင်းခဲ့တာပေါ့၊ ပြီးတော့ မပြောမဖြစ်ပေါ့၊ ငွေကြေး အရ လည်း အဆင် ပြေနေတာတော့ မဟုတ်ပေမဲ့ ဆွေမျိုးညီအကို တွေကနေ လမ်းစရိတ်၊ အဝတ်အစားစရိတ် တွေ အားပေးအား မြောက်လုပ်ကြပါတယ်၊

 

KNT။                   ။ မိဘ၊ ဇာတိ ပြောခွင့်ရှိတယ်နော်

David Lai။          ။ ဟုတ် သိပ်ရှိတာပေါ့၊ မိဘက Rev. Abraham Lai Kyu ( Late) နဲ့ Pastor Hannah Hla Ngun ပါ၊ မွေးချင်း ၆ ဦးထဲက ကျတော်က အထွေးဆုံးပါ၊ ကျတော် နောက်ဆုံးကျောင်းနေခဲ့တာက Graduated Class 12, Shillong, India ပါ၊ အခု အသက် ၂၁ နှစ်ထဲဝင်နေပါပြီ၊ မိဘ ဇာတိက ချင်းပြည်နယ်၊ မတူပီမြို့နယ်က ဆတူးရွာပါ၊ အခု လိပ်စာက အမှတ် ၃၂၂၊ အေးရိပ်သာလမ်း၊ ရဲစုတောင် ရပ်ကွက်၊ ထောက်ကြန့်မြို့ နဲ့ Van E Thang၊ အမှတ် မ/ ၃၂၊ ဦးဖိုးထွန်းလမ်း၊ တောင်သူကုန်း၊ အင်းစိန်၊

 

KNT။                   ။ ဟုတ်ကဲ့၊ ဒီလိုဆိုယင် ပြိုင်ပွဲသွားဖို့ သွားတာလာတာ အနည်းနဲ့အများတော့ ခက်မှာပေါ့နော်၊

David Lai။          ။ ပြိုင်ပွဲဝင် Friend တွေနဲ့ စာယင် ခက်တယ်လို့ပြောရမှာပေါ့၊ Shooting ကို အနည်းဆုံး ၁ ပတ် ကို (၄) ရက် သွားရပါတယ် ၊ camera ရှေ့မှာ (၃) ခေါက်လောက် shoot လေ့ရှိတယ်၊ အဝတ်အစားတော့ ကုန်တာ ပေါ့.. သွားရတဲ့ နေရာကလည်း လိုင်းကား နဲ့ တခါတည်းရောက်တဲ့နေရာ မဟုတ်တော့ယင် လမ်းစရိတ်အတွက်လည်း စိုးရိမ်ရတာပေါ့နော်၊

 

KNT။                   ။ ပြိုင်ပွဲမှာ ဘာသီချင်းတွေ နဲ့ ပြိုင်ခဲ့သလဲ၊

David Lai။          ။ In first audition မှာ မျိုးကြီးရဲ့ ဒီက စောင့်နေသူ၊ In second audition မှာ ဒိုးလုံးရဲ့ ချစ်ဦးမေ၊ In Camp week (3peron group) မှာ နှင်းဆီဝင်္ကပါ ၊ လေးဖြူ သီချင်းပေါ့၊ နောက်ပြီး In battle round (face to face) အတွက် ထွဏ်းထွဏ်းရဲ့ မရှိတော့ဘူး၊ နောက်ပြီး In finalist 20.. 1st level မှာက အာရ် ဇာနည်ရဲ့ ကြေကွဲကမ်းပါး ၊ 2nd level မှာ အိုင်းရင်း ဇင်မာမြင့်ရဲ့ အပြာရောင်တေးသံ၊

 

KNT။                   ။ ခုတော့ ညီက လူသိရှင်ကြားဖြစ်လာပြီ၊ ညီလေးရဲ့ အနုပညာအတွက် အနာဂါတ် အိပ်မက်က ၊

David Lai။          ။ ကိုယ့်ဝါသနာနဲ့ အိပ်မက်တော့ ဖော်ထုတ်ခွင့်ရခဲ့ပါပြီ၊ ရှေ့ဆက်လုပ်ချင်တာကတော့ ဒီ အနုပညာ ပဲပေါ့၊ ဘာပဲဖြစ်ဖြစ် ကိုယ်ဖြစ်ချင်တာ ဘုရားသိပါတယ်၊   ဘုရားအလိုတော် အတိုင်းဖြစ်မှာပါ၊

 

KNT။                   ။ အကြိုက်ဆုံးအဆိုတော်၊

David Lai။          ။ အများကြီးပါ၊ ပြည်တွင်းထဲက မျိုးကြီး၊ နီနီခင်ဇော်၊ ပြည်ပထဲက Michael learn, Brad Paisley,                      Maria Carey,

KNT။                   ။ သိချင်တာလေး တခုပေါ့၊ ဒီ ပြိုင်ပွဲမှာ ညီလေးလို ချင်းလူငယ်တွေ ဘယ်နှစ်ဦးပါသလဲ

David Lai။          ။ ပြိုင်ပွဲဝင် အားလုံးတော့ မမှတ်မိဘူး၊ အခု ကျတော်နဲ့ အတူ (၃) ဦး စာရင်းဝင်နေပါသေးတယ်၊

 

KNT။                   ။ ဒီပြိုင်ပွဲမှာ Judges တွေရဲ့ Guide ပေးမှုကို ဘယ်လိုမြင်သလဲ၊

David Lai။          ။ သင်စရာ၊ မြင်စရာ၊ ရှောင်ဖို့ ဆောင်ဖို့ လမ်းညွန်ပေးမှုတွေ အားရကျေနပ်တယ်၊      ကျတော့်                         အတွက်တော့ တကယ့် သင်ဆရာ၊ မြင်ဆရာ တွေပါ၊

KNT။                   ။ ပရိတ်သတ်ကို စကား ပါးပေးပါအုံး၊

David Lai။          ။ ကျတော် အနုပညာကို ရူးသွပ်ခဲ့ပါတယ်၊ ကျတော်လေးစားတဲ့ ပရိတ်သတ်ကို မတူတဲ့ ရသတွေ ပေးချင်တယ်၊ ဒီယှဉ်ပြိုင်မှုမှာ Winner ရဖို့အတွက် ကျတော်ဘယ်လိုပဲဆိုဆို၊ နားထောင်အားပေးမဲ့ပရိသတ်မရှိယင် အချည်းနှီးပါ၊ ဒီတော့ ကျတော် အကောင်းဆုံးကြိုးစားနေပါတယ်၊ အားပေးကြပါ၊

KNT ။                  ။ ကျေးဇူးပဲ၊ အောင်မြင်ပါစေ၊

David Lai ။         ။ ဟုတ်ကဲ့၊ ကျတော်လည်း ထပ်တူနဲ့ အမျှပါ၊

Share.

About Author

Leave A Reply

*

code