ချင်းပြည်နယ်မှာ ၇၀ ရာခိုင်နှုန်းအနိုင်ရမည်ဟု NLD မျော်မှန်း

0

Pu Zo bawi

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေ
စီအဖွဲ့ချူပ် NLD က ချင်းပြည်နယ်တွင် ၇၀ ရာခိုင်နှုန်းအနိုင်ရရှိမည်ဟု ခန့်မှန်းထားကြောင်း ချင်းပြည်နယ် NLD ဥက္ကဌ ဦးဇိုဘွဲ့ကပြောသည်။

“ ၁၀၀ မှာ ၇၀ ရာခိုင်နှုန်းကတော့ အနိုင်ရမယ်လို့ ကျနော်တို့ခန့်မှန်းထားပါတယ်၊ဘာလို့အဲလိုပြောနိုင်လဲ ဆိုတော့ ပြည်သူ တွေက အခုသူတို့စိတ်ဆန္ဒမှာ ပြောင်းလဲချိန်တော့ တကယ်တန်ပြီဆိုတာ သဘောပေါက်နားလည်ပြီးတော့ ထောက်ခံတဲ့ အပေါ်မှာကျနော်တို့ သုံးသပ်ပြီးတော့ပြောနိုင်တာဖြစ်ပါတယ်’’ ဟု ဦးဇိုဘွဲ့ကပြောသည်။

ဦးဇိုဘွဲ့သည် ဟားခါးမြို့မဲဆန္ဒနယ်မြေ(၁)တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ် ပြီးချင်းမိုကရေစီအဖွဲ့ချူပ်ပါတီ ဒုတိယဥက္ကဌ အမျိုးသမီးအမတ်လောင်းဒေါ်စုံဇီးမန်၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီမှ လူငယ်အမတ်လောင်းဗန်ချန်ကျဲအို နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှလက်ရှိချင်းပြည်နယ်လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးငွန်ဆန်းအောင်တို့နှင့်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ဟားခါးမဲဆန္ဒနယ်မြေသည် အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် နယ်မြေဟုခန့်မှန်းထားကြပြီး အထူးဖြင့် ဦးဇိုဘွဲ့တို့ ၀င်ရောက် ယှဉ်ပြိုင်ကြမည့်ဟားခါးမဲဆန္ဒနယ်မြေ(၁)သည် လူအများစိတ်ဝင်စားသည့် နယ်မြေတစ်ခုလည်းဖြစ်သည်။

“ နည်းနည်းအခက်အခဲရှိတာက ကျနော့ မဲဆန္ဒနယ်မြေထဲက စစ်ဗျူဟာရယ်၊ ၂၆၆တပ်ရင်းတွေမှာ ၀င်လို့မရဘူး မဲဆွယ် စည်းရုံးရေး နဲ့ လက်ကမ်းစာစောင်တောင်ဝေလို့မရဘူး အဲဒီဟာ အဟန့်အတားနည်းနည်းရှိတယ် ဒါပေမယ့် ၇၅ ရာခိုင်နှုန်းနဲ့အနိုင်ရမယ်လို့ ခန့်မှန်းထားပါတယ်’’ ဟု ဦးဇိုဘွဲ့ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီကတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်မဲအပြတ်အသတ် အနိုင်ရရှိပြီး
အစိုးရဖွဲ့နိုင်မည်ဆိုပါက ဦးဇိုဘွဲ့သည် ချင်းပြည်နယ်၏ ၀န်ကြီးချူပ်ရာထူးခန့်အပ်ခံရဘွယ်ရှိသည်ဟု လူအများ က ထင်ကြေးပေးနေသည်။

ချင်းနိုင်ငံရေးပါတီများထဲတွင်မဲဆန္ဒနယ်မြေအများဆုံးဝင်ရောက်ယှဉ်ပြိုင်မည့်ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ အတွင်း ရေးမှူးဆလိုင်းကျဲအိုဘိခ်ထောင်ကတော့ ရွေးကောက်ပွဲအနိုင်အရှူံးဆိုသည်မှာပြည်သူလူထုကသာ ဆုံးဖြတ်မှာဖြစ်သည် ဟု ပြောသည်။

“ ကျနော်တို့ပါတီက လူပုဂ္ဂိုလ်တစ်ဦးရဲ့ Popular ဖြစ်မှုနဲ့သူ့ရဲ့ဓာတ်ပုံလောက်ကိုပဲ ဖြန့်ပြီးတော့ နိုင်ငံရေးလုပ်တဲ့ပါတီမဟုတ် ဘူး၊ငွေထုတ်ကြီးကိုင်ပြီးတော့ ငွေအင်အားနဲ့နိုင်ငံရေးလုပ်တဲ့ပါတီမဟုတ်ဘူးကျနော်တို့က ပေါ်လစီကို ချင်းလူမျိုးတွေ အတွက် အနာဂတ်၊ဒီတိုင်းပြည်ရဲ့အနာဂတ်တွက် လမ်းကြောင်းကို လူထုကိုချပြတာပေါ့လေတူတော့မတူကြပေါ့ အဲဒီ အပေါ်မှာ အနိုင်အရှူံးကို ဆုံးဖြတ်မှာကတော့ပြည်သူလူထုပါ၊ အနိုင် ဂိုးသွင်းမှာက လူထုပါ’’ ဟု သူကပြောသည်။

မဲဆန္ဒနယ်မြေစုစုပေါင်း ၃၉ နေရာရှိသော ချင်းပြည်နယ်တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီက ၃၈ နေရာတွင်
ဝင်ရောက်ယှဉ်ပြိုင်ပြီး ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်ပါတီဥက္ကဌပူးကျင့်ရှင်းထန် ၀င်ရောက်ယှဉ်ပြိုင်သော တီးတိန်မြို့ ပြည်သူ့
လွှတ်တော်နေရာတစ်ခုတည်းကိုသာ ရှောင်ပေးခဲ့သည်။

Share.

About Author

Leave A Reply

*

code