ချင်းလူငယ်အဖွဲ့ က ၀ိတိုရိယစခန်း မှာ သဘာဝ ဆပ်ပြာ ထုတ်လုပ်သည့် သင်တန်း ပြုလုပ်မည်

0

vs151209-001

ချင်းလူငယ် အဖွဲ့ အစည်းက ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ဒုတိယပတ်လောက် ကနေ ချင်းအမျိုးသားတပ်ဦး ဌာနချုပ် ဖြစ်သည့် ၀ိတိုရိယစခန်းရှိ အိမ်ထောင်သည်များ အတွက် သဘာဝ ဆပ်ပြာ ထုတ်လုပ် သည့် သင်တန်း ကျင်းပပြု လုပ်ပေး မည်ဖြစ် သည်။

 

ချင်းလူငယ်အဖွဲ့ ဦးဆောင်မှုဖြင့် ဟားခါးမြို့ ရှိ ဒုက္ခရောက်နေကြသော စခန်းမှာ ရှိကြသည့် အိမ်ထောင်သည်နှင့် အမျိုးသမီး တချို့ ကို သဘာဝ ခေါင်းချော်ရည်၊ အ၀တ်လျှော် ဆပ်ပြာ၊ မျက်နှာသစ် ဆပ်ပြာ၊ အိုးခွက် ပန်းကန် ဆေးသည့် ဆပ်ပြာ အပြင် ခြင်ဆေး အစရှိသည် များ ထုတ်လုပ်သည့် သင်တန်းများ စခန်း အသီးသီးမှာ ပြုလုပ် ပေးပြီးမှ ၀ိတိုရိယစခန်းမှာ ပြုလုပ်ဖို့  စီစဉ်နေခြင်းဖြစ်သည်။

 

“ဖြစ်နိုင်တယ် ဆိုလို့ ရှိရင် အခုကျမတို့  သင်ခဲ့တဲ့ အရာတွေ အကုန်သင်ပေးမှာပါ။ ဆပ်ပြာတွေ လုပ်နိုင်ဖို့  ကုန်ကြမ်း၊ ကုန်ကြမ်းဆိုတာက ဆပ်ပြာတွေ လုပ်တဲ့နေရာမှာ Empire Chemical အရည်တွေလိုတယ်။ ဒါက တော့
ရန်ကုန် မန္တလေးက နေမှာယူရမှာပါ” ဟု သင်တန်း တာဝန်ခံ မိုင် တြာဆုန်က ဆိုသည်။

 

ဝိတိုရိယ စခန်းတာဝန် ရှိသူ တစ်ဦးက ဆပ်ပြာ ထုတ်လုပ်သည့်နေရာများတွင် သွားရောက်လေ့လာပြီး ချင်းလူငယ်အဖွဲ့  ဥက္ကဌ ဆလိုင်း ဇကုတ်ထန်းနှင့် ဆွေးနွေးတိုင်ပင်ပြီးမှ သင်တန်းကို ပြုလုပ်ဖို့  ဆုံးဖြတ် ခြင်းဖြစ်သည်။ သင်တန်းကို မည်သည့် အချိန်မှာ စတင်မလဲဆိုတာ မသေချာသေးသော်လည်း ဇန်န၀ါရီလ (၁၈-၁၉) ရက်မှာ စတင်နိုင်မည့် အခြေအနေရှိနေပြီး သင်တန်းကာလ (၃)ရက် သတ်မှတ်ထားကြသည်။

 

ဤသင်တန်းကို Gaia Sustainable Management Institute ကနေ ချင်းလူငယ်အဖွဲ့ မှ အဖွဲ့ ဝင် တချို့  နှင့် ဒုက္ခရောက်နေကြသူ တချို့ တို့  နိုဝင်ဘာလ (၂၄) ရက်နေ့ မှာ သင်တန်းပေးပြီးနောက် ချင်းလူငယ်အဖွဲ့  ဦးဆောင်မှုဖြင့်
ဒုက္ခသည် စခန်းအသီးသီးမှာ သင်တန်းလုပ်ပေးခဲ့ခြင်းဖြစ်သည်။

 

သင်တန်းပြုလုပ်ပြီး အိမ်ထောင်သည်များ ၄င်းတို့ အခြေအနေအလိုက် ဆင့်ပွါးသင်တန်းလုပ်နိုင်ရန်နှင့် အိမ်တွင်း အသုံးပြုရန် မိမိတို့ ဖာသာ ဆာပြာများထုတ်နိုင်ရန်နှင့် ရှေးရေး၎င်းတို့  စီးပွါးရေးအတွက်ပါ အသုံးပြုနိုင်ရန် ဤ သင်တန်းပြု လုပ်ခြင်းဖြစ် သည်။

 

အများအားဖြင့် သဘာဝ သစ်သီး၊ သစ်ရွက်များဖြစ် ထုတ်လုပ်ခြင်းဖြစ်ရာ နောက်နောင်တွင် သဘာဝ၏ တန်ဖိုး ရှိမှုတွေကို ပြည်သူလူထုထံ ပညာပေးသည့် အနေအထားဖြစ်လာကာ သဘာဝထိန်းသိမ်းရေး အတွက် အကျိုး ရှိလာစေဖို့ လည်း ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Share.

About Author

Leave A Reply

*

code