ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင် ချင်းပြည်သူများ အရေးပေါ်အကူအညီ လိုအပ်နေ

0

Paletwa refugees

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ပြင်စိုကျေးရွာမှ စစ်ဘေးရှောင် ချင်းပြည်သူ ၃၀၀ ကျော်တို့သည် ယခုအခါ စားနိပ်ရိက္ခာ ပျက်လပ် မည့် အခြေ အနေနှင့် ရင်ဆိုင် ရနေကြရပြီး အရေးပေါ်အကူအညီ လိုအပ်နေ သည်ဟု သိရ သည်။ ယခုနှစ် အစောပိုင်း မတ် နှင့် ဧပြီလ အတွင်းက မြန်မာ့တပ်မတော် နှင့် ရခိုင့်တပ်မတော် (AA) တပ်ဖွဲ့တို့ အကြားဖြစ်ပွား ခဲ့ သည့် တိုက်ပွဲများကြောင့် နေရပ်စွန့် ခွာပြီး ဘေးကင် လုံခြုံရာသို့ ထွက်ပြေး တိမ်းရှောင်နေ ခဲ့ကြသော ပြင် စိုကျေး ရွာသား တို့ သည် ယနေ့ချိန်ထိ မိမိတို့နေရပ် သို့ မပြန်နိုင်ဘဲ ကုလားတန်မြစ်ကမ်း နဘေးတွင် ယာယီတဲထိုးပြီး နေထိုင်လျက်ရှိ ကြကာ ပြည်တွင်း၊ပြည်ပအဖွဲ့ အစည်းများ၏ ကူညီထောက်ပံ့ မှုများဖြင့် အသက် ဆက်နေ လျက် ရှိကြသည်။

 

၎င်းတို့ရရှိထားသော ပြည်တွင်း၊ပြည်ပမှ ကူညီထောက်ပံ့မှုများသည်လည်း ပျက်လှနီးပါးဖြစ်နေပြီး အကူအညီ အထောက် အပံ့များ ဆက်လက်မရရှိတော့ပါက လာမည့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလကစပြီး စားနိပ်ရိက္ခာပျက် လပ်တော့ မည့် အခြေအနေ တွင်ရှိနေသည်ဟု စစ်ရှောင်ပြည်သူများကူညီထောက်ပံ့ရေးကော်မတီမှ တာဝန်ရှိသူ ကိုလှထွန်းကကပြောသည်။

 

“ ဒီဇင်ဘာလ အထိတော့ သူတို့စားဖို့ရှိသေးတယ်၊ နောက်လတွေအတွက်တော့ ရိက္ခာရှိတော့မှာမဟုတ်ဘူး၊ ဒါကြောင့် အကူအညီတွေ အမြန်လိုအပ်နေကြတာ ပါ’’ ဟု ကိုလှထွန်းကပြောသည်။

 

စစ်ဘေးရှောင်ပြည်သူများ အတွက် ဆန်၊ ငပိ၊ ငရုတ်သီး၊ ကျောင်းသုံးကိရိယာ၊ ဆေးဝါးပစ္စည်းများအရေးပေါ် လိုအပ်နေ သည်ဟု သူကဆက်ပြောသည်။ စစ်ဘေးရှောင်ပြည်သူများ သည်လည်း မိမိတို့ဝမ်းစာဖြေရှင်းနိုင်ရေး အတွက်
နီးစပ်ရာတောင်ယာများတွင် နေ့စားအလုပ်များ ၀င်ရောက်လုပ်ကိုင်နေကြရသည်ဟုသိရသည်။

 

လက်ရှိတွင်လည်း ရက္ခိုင့်တပ်မတော်(AA)၏ စစ်ရေးလှုပ်ရှားမှုမှာ ဆက်လက်အရှိန်မြင့်လျှက်ရှိနေသဖြင့် အစိုးရတပ်ဖွဲ့  များသည်လည်း နယ်စပ်ဒေသတစ်လျှောက်တွင် အင်အားအလုံးအရင်းဖြည့်တင်းလျှက်ရှိသည်ဟု သိရသည်။

 

ထို့အပြင်  ဒေသခံ ပြည်သူများအား AA တပ်ဖွဲ့ မှ လမ်းပြအဖြစ် အတင်းအကျပ်ဖမ်းဆီးခေါ်ဆောင်မှုများမကြာခဏဖြစ်ပွားလျှက်ရှိရာ ယနေ့ အထိ ရရှိသည့်စာရင်းအရ (၁၀)ဦးအထိရှိလာပြီဟု စစ်ရှောင်ပြည်သူများ ကူညီထောက်     ပံ့ ရေးကော်မတီ မှ ကိုကျော်အောင် ကပြောသည်။

 

အလားတူ မြန်မာ့တပ်မတော်ဘက်ကလည်း စစ်ကြောင်းထွက်ရာတွင် ဒေသခံများအား လမ်းပြအဖြစ်ခေါ်ဆောင်လေ့ရှိပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း ပလက်ဝမြို့နယ် ရှင်မဒိန်အုပ်စု လန်ဒန် (ခေါ်)လား ဘာ ဝကျေးရွာနေ ဦးရန်း တန်း နှင့် ဦးပိုက်ကိုးတို့နှစ်ဦးအား လမ်းပြအဖြစ်ခေါ်ဆောင်ရာတွင် မြန်မာ-ဘင်္ဂဒေရှ့် နယ်စပ် နယ်နမိတ်ကျောက်တိုင် အမှတ်(၇၀)အနီး ပေ ၅၀ ဝန်းကျင်အကွာတွင် ဦးရန်းတန်းသည် မြေမြှပ်မိုင်းနှင်းမိ၍ ထိမှန်သဖြင့် သေဆုံးခဲ့ရသည်။

 

ယင်းကိစ္စပတ်သက်ပြီး မြန်မာ့တပ်မတော်ဘက် မှ သေဆုံးသူအား နစ်နာကြေးတစ်စုံတစ်ရာဆောင်ရွက်ပေးခြင်း မျိုး ယနေ့ ချိန်ထိမရှိသေးပေ။

Share.

About Author

Leave A Reply

*

code