UNFC အပေါ် မျက်နှာလွှဲခဲပစ် မလုပ်ခဲ့ဘူးပါ ဟု CNF အလှည့်ကျ ဥက္ကဌ ဆို

0

_BL_6532

အစိုးရ နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုလက်မှတ်ရေးထိုး ထားသော ချင်းအမျိုး သားတပ်ဦး CNF နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် (PNLO) တို့ကို UNFC ခေါ် ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင် အဖြစ်မှ ဒီဇင်ဘာလ ၈ နေ့က တရားဝင် ယာယီရပ်စဲလိုက် ပြီဟု သိရသည်။ UNFC အဖွဲ့ဝင်အဖြစ်မှ ယခုကဲ့သို့ တရားဝင် ယာယီရပ်စဲခံရ သည့်ကိစ္စနှင့် ပတ်သက်ပြီး ချင်းအမျိုးသား တပ်ဦး CNF မှ အလှည့်ကျ ဥက္ကဌ ဆလိုင်းကစ်ခိုလျန် က ယခုလို ပြောပါသည်။

 

“UNFC နဲ့ CNF အကြား စေ့စပ်လို့ မရနိုင်လောက်တဲ့ ကွဲလွဲချက်မရှိပါဘူး။ အားလုံးက NCA ကိုပါဝင် လက်မှတ် ရေးထိုးလိုကြတာပါ။ ဒီနေရာမှာ တထပ်ထဲကျပါတယ်။ NCCT မှာ ရော SD မှာ ရော CNF က တစိုက်မတ် မတ် ထဲထဲဝင်ဝင် ပါဝင်ပြီး UNFC နဲ့တသားထဲရပ်တည်ခဲ့တာပါ။ ကွဲလွဲချက်ကတော့ အစိုးရက အရင်ထိုး နှင့် တဲ့ အဖွဲ့ ရှိနိုင်တယ်။ ထိုးဖို့အဆင်သင့် မရှိသေးတဲ့ အဖွဲ့ က နောက်မှ ထိုး နိုင်တယ် ဆိုတဲ့ အခါမှာ ထိုးနှင့် မဲ့ အဖွဲ့ နဲ့ အားလုံး တပြိုင်နက်ထိုး မဲ့ အဖွဲ့ ဆိုတာပါပဲ၊ CNF ကလည်း ဒါကို UNFC အပေါ်မှာ ပွင့်ပွင့်လင်းလင်း ကြိုတင် ဆွေးနွေး တင်ပြခဲ့ပါတယ်၊ အဲဒီလိုတင်ပြတုံးကလည်း UNFC က ပြင်းပြင်းထန် ထန်ကန့်ကွက်တာမရှိခဲ့ပါဘူး။ တဖွဲ့ချင်း စီအလိုက် မိမိတို့ အဖွဲ့ရဲ့ အခြေအနေအရပ်ရပ် အပေါ်အခြေခံပြီး ဆုံးဖြတ်ချက် ချနိုင်တယ်ဆိုတာ တပ်ပေါင်း စုရဲ့မူပါ။ ဒါပေမဲ့ CNF ဖြစ်စဉ် အဆင့်ဆင့်မှာ မဟာမိတ် စိတ်ဓါတ် အပြည့် နဲ့ ပွင့်ပွင့် လင်းလင်း ချပြခဲ့တာပါ၊ CNF ကတော့ UNFC အပေါ် မျက်နှာလွှဲခဲပစ် သဘောမလုပ်ခဲ့ဘူးပါဘူး။”

 

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဒီဇင်ဘာ ၇ ရက်နေ့မှစတင်ကျင်းပလျက်ရှိသော  ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ ဒုတိယအကြိမ် ညီလာခံ ပထမနှစ်ပတ်လည် မျက်နှာစုံညီကောင်စီ အစည်းအဝေး တွင် CNF နှင့် PNLO ကို အဖွဲ့ဝင်အဖြစ်မှ တရားဝင်ယာယီ ရပ်စဲရန် ဆုံးဖြတ်ခဲ့ကြခြင်းအပေါ် UNFC ဒု-ဥက္ကဌ ဦး နိုင်ဟံသာက သတင်းထောက်များကို ပြောဆိုခဲ့သည်။

 

CNF နှင့် PNLO တို့သည် ပြီးခဲ့သော အောက်တိုဘာ ၁၅ ရက်နေ့ကသမ္မတသိန်းစိန်အစိုးရ နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချူပ် (NCA) ကို ကျန်တိုင်းရင်းသားလက်နက်ကိုင် ၆ဖွဲ့နှင့်အတူ လက်မှတ်ရေး ထိုးခဲ့သည့် အဖွဲ့ဖြစ် သည်။

 

ယင်းကိစ္စနှင့်ပတ်သက်ပြီး UNFC အဖွဲ့ဝင်များဖြစ်ကြသော CNF နှင့် PNLO တို့သည် အဖွဲ့မှ ချမှတ်ထားသော ရပ်တည် ချက်မူကိုသွေဖီ သည်ဟုဆိုကာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့သော UNFC
ဗဟို ကော်မတီ တိုးချဲ့အစည်းအဝေးမှာ အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်း ရန် ဆုံးဖြတ်ခဲ့ကြပြီးနောက်  ဒီဇင်ဘာ (၅) ရက် မျက်နှာ စုံညီ ကောင်စီအစည်းအဝေး တွင် တရားဝင်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

 

၂၀၁၁ ခုနှစ်က တိုင်းရင်းသားလက်နက်ကိုင် ၁၁ ဖွဲ့ဖြင့်စတင်ဖွဲ့စည်းခဲ့ကြသော UNFC တွင် CNF နှင့် PNLO တို့ကို အဖွဲ့ဝင်အဖြစ်မှ ရပ်စဲလိုက်ခြင်းကြောင့် ယခုအခါအဖွဲ့ဝင် ၉ ဖွဲ့သာကျန်ရှိတော့မည်ဖြစ်သည်။

Share.

About Author

Leave A Reply

*

code