ဟားခါးမြို့  ဒုက္ခသည်များ ပြန်လည်နေရာချ ထားမှု အပေါ် မကျေနပ် ၍ ဆန္ဒဖေါ်ထုတ်

0

vs160105-002

ဟားခါးမြို့  ဒုက္ခသည်များအတွက် ပြန်လည်နေရာချထားမှု အစီအစဉ်အတွက် အစိုးရ၏ အိမ်ယာသစ်ဆောက်လုပ် ပေးမှုအပေါ် မကျေနပ်သဖြင့်  ဒုက္ခသည် ထောင်နှင့်ချီပြီး  ယနေ့ ဆန္ဒဖေါ်ထုတ် ကြသည်။

 

နံနက် ၁၀း၀၀ နာရီခန့် ကနေ ညနေ ၁း၀၀နာရီအထိ ဟားခါးမြို့  မြို့ သစ်ရပ်ကွက် အမှတ် (၂) အထက်တန်း ကျောင်းကနေ ပြည်တော်သာ ရပ်ကွက် ၀မ္မသူးမောင်း အားကစားကွင်း အထိ ဗိုလ်ချုပ်လမ်းမတလျှောက် လမ်းလျှောက်ပြီး ရပ်ကွက်အလိုက် ဒုက္ခသည်များ တစ်စု တစ်စည်းတည် နေထိုင်ရေး၊ ဒုက္ခသည်များ နေထိုင်မည့် လမ်း၊ ရေမြောင်း ကောင်းမွန်စွာပြု လုပ်ပေးရေး၊ ဒုက္ခသည်များ အိမ်မြေကွက် ချပေးပြီးမှသာ အိမ်ဆောက်ပေးရေး စ သည့် ကြွေးကြော် သံဖြင့် ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်သည်။

 

ထို့ အပြင် အိမ်ဌားများကိုလည်း မြေကွက်ချပေးရေး၊ ဆေးရုံအတွက် လျာထားသည့် မြေ ကွက် ကို တခြားနေရာသို့  သတ်မှတ်ပေးရေး၊ ချစ်ခြင်းမေတ္တာ တရား မျှဝေပေးရေး၊ နှုက် ဂတိအတိုင်း သက်သေထူပေးရေးနှင့် အိမ်မြေကွက် တူးဖေါ်ပေးရေး၊  ခွဲခြားခြင်း အလိုမရှိ စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒဖေါ်ထုတ်ကြသည်။

 

“ကျတော်တို့  ဆန္ဒဖေါ်ထုတ်ဖို့ (၂) ရက်ပဲ ခွင့်ပြုမိန့်ရထားတယ်။ မနက်ဖြန်အထိပေါ့၊ ဒါပေမဲ့ ကျတော်တို့  လိုချင်တဲ့ဟာ မရမချင်း ဆက်လက် ပြုလုပ်မှာပါ၊ တဖက်ခါမှာလည်း ဆန္ဒဖေါ်ခွင့် သက်တမ်းတိုး ဖို့ စီစဉ်နေပါတယ်”ဟု ဆန္ဒဖေါ်ထုတ်ရေးကော်မီတီအဖွဲ့ ဝင် ဆရာ တင်ပဲန်း ကဆိုသည်။

 

ဟားခါးမြို့ နယ် သဘာဝဘေးသင့် ပြည်သူ ၇၃၀ ကျော်အတွက် အစိုးရကနေ အိမ်တစ်လုံး အတွက် ကျပ်ငွေ ၄၄.၄ သိန်းလျာထားပြီး ဆောက်လုပ်ပေးလျက်ရှိရာ ယခုဆို အိမ် (၂၀၀) ခန့်  ဆောက်လုပ်နေပြီဖြစ်သည်။ အခု ဆောက် လုပ်ပေး သည့် နေရာသစ်တွင် ဒုက္ခသည် (၃၃) အိမ်ထောင်စုလည်း နေရာချထားပြီဖြစ်သည်။

 

သို့ သော် အစိုးရက နေရာချထားပေး သည့် နေရာတွင် ရေ၊မီး အဆင်မပြေ မှုတွေ ရှိနေသေးေ ကြာင်း၊ သောက်သုံး ရေကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကားဖြင့် ပို့ ပေးသော် လည်း အချိန်မှန်မှန် ပို့ ပေးခြင်း မ ရှိေ သာကြောင့် သောက် သုံးရေ ပြသနာနှင့် ရင်ဆိုင်နေရသည် ကို တွေ့ ရသည်။

Share.

About Author

Leave A Reply

*

code