ဒုက္ခသည်များ ဆန္ဒဖော်ထုတ်မှုကို အလေးမထားပါက ဗဟိုအစိုးရထိ တက်မည်ဟုဆို

0

vs160106-001

ချင်းပြည်နယ်အစိုးရက အိမ်မြေနေရာချထားမှုနှင့် ပါတ်သက်ပြီး ဟားခါးမြို့ ဒုက္ခသည်များ၏ ဆန္ဒဖေါ်ထုတ်မှုအပေါ် ပြည်နယ်အစိုးရမှ တစုံတရာ အရေးယူပေးမှု၊ တွေ့ ဆုံညှိနှိုင်းမှု မပြုလုပ်ပါက ဗဟိုအစိုးရအထိ စာရေးပေးပို့ မည်ဖြစ် ကြောင်း သိရသည်။

“ကျတော်တို့  ဆန္ဒဖေါ်ထုတ်ခွင့် ရတာက ဇန်န၀ါရီလ (၅) ရက်နှင့် (၆) ရက်၊ နှစ်ရက်ဘဲ ရတာဆိုတော့ ဆက်လက် ဆန္ဒဖေါ်ထုတ်တာ မလုပ်တော့ဘူး၊ ဒါပေမဲ့ ပြည်နယ်အစိုးရကနေ ကျတော်တို့ ရဲ့  တောင်းဆိုချက်အပေါ် တစုံတရာ တုန့်ပြန်မှု မလုပ်ဘူးဆိုရင် ဗဟိုအထိ ဆက်သွားမယ်” ဟု ဆန္ဒဖေါ်ထုတ်ရေး အကောင် အထည်ဖေါ်ရေးအဖွဲ့  ဥက္ကဌ ဦးတင်ပဲန်း ကဆိုသည်။

 

ဆက်လက်ပြီး လုပ်ငန်းကော်မီတီအနဖြင့် (၃)ရက်အတွင်း အခြေအနေ စောင့်ကြည့်ပြီး အစိုးရဖက်က တစုံတရာ တုန့်  ပြန်မှု မပြုလုပ်ပါက စည်းဝေးဆုံးဖြတ်ပြီး ရှေ့  ဆက်လုပ်ငန်း အကောင်အထည်ဖေါ်သွားမည်ဟု ၄င်းက ဆက်ဆိုသည်။

 

ဟားခါးမြို့ သဘာဝဘေးဒါဏ်သင့် ပြည်သူများအတွက် အစိုးရက နေရာချပေးမှုနှင့် ပတ် သက်ပြီး အ ချက် (၈) ချက်ပါ ရပ်ကွက်အလိုက် ဒုက္ခသည်များ တစ်စုတစ်စည်း တည်း နေ ထိုင်ရေး၊ လမ်း၊ ရေမြောင်း ကောင်း မွန်စွာပြု လုပ်ပေးရေး၊ အိမ်မြေကွက်ချပေးပြီးမှ အိမ်ဆောက်ပေးရေး ၊  အိမ်ဌား များကိုလည်း မြေ ကွက် ချပေး ရေး၊ ဆေးရုံအတွက် လျာထား သည့် မြေကွက်ကို တခြားနေရာသို့  သတ် မှတ်ပေးရေး၊ နှုတ်ဂတိအတိုင်း သက်သေ ထူပေးရေးနှင့် အိမ်မြေကွက် တူးဖေါ်ပေးရေး၊  ခွဲခြားခြင်း အလိုမရှိ စသည့် ကြွေး ကြော်သံများဖြင့် ဆန္ဒဖေါ် ထုတ်ကြ သည်။

 

၂၀၁၅ ဇူလိုင်လအတွင်း ကြုံတွေ့ခဲ့ရသည့် ချင်းပြည်နယ် သဘာဝဘေးဒါဏ်ကြောင့် ဟားခါးမြိုနယ်နှင့် တီးတိန်မြို့  နယ်ရှိ ဒုက္ခသည်များအတွက် အိမ်အလုံး (၄၅၈)၊ ဟားခါးမြို့ပေါ်တွင် (၄၁၇) လုံး နှင့် တီတိန်မြိုပေါ်တွင် (၄၁) လုံး ဆောက် လုပ်ပေး ဖို့ ရှိကြောင်း သိရသည်။

 

အဆိုပါ အိမ်ယာသစ်များကို ဟားခါးမြို့ အတွက် မြတ်နိုးသူ ကုမ္ပဏီနှင့်တင်ဝင်းထွန်း ကုမ္ပဏီတို့ မှ အိမ်အလုံး (၂၀၀) စီ၊ ဂန့် ဂေါ် သစ်ထုတ်လုပ်ရေးဒေသမှ (၁၇)လုံး ၊ တီးတိန်မြို့ ပေါ်အတွက် စစ်ကိုင်းတိုင်း ဒေသကြီး၊ မော်လိုက် (အ နောက်) သစ်ထုတ် လုပ်ရေးဒေ သမှ (၃၅) လုံး၊ ချင်းတွင်း ဖောင်ဖွဲ့ ရေး ဒေသမှ (၆) လုံး ဆောက် လုပ်ပေးရန် ဖြစ် ကြောင်း သိရသည်။

Share.

About Author

Leave A Reply

*

code