ကားသမားအိပ်ငိုက်မှုကြောင့် မြန်မာနိုင်ငံသား ၃ ဦးအပါအ၀င် ခရီးသည် ၆ ဦး ပွဲချင်းပြီးသေးဆုံး

0

အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၂) နယ်စပ်ကုန်သွားရေးစခန်းအခြေစိုက်ရာ ဇိုခွါထား မှ မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောလ်မြို့ သို့ ပြေးဆွဲနေသော ခရီးသည်တင် maxi cap ကားတစ်စီးသည်ကားသမားအိပ်ငိုက်မှုကြောင့် ပြီးခဲ့သည့် သောကြာနေ့ (ဇန်န၀ါရီ ၈ ရက်) မနက်ကမီတာ ၁၀၀ ခန့်ရှိသော ကျောက်ထဲထိုးကျသွားကာ မြန်မာနိုင်ငံသား ၃ ဦးအပါအ၀င် ခရီးသည် ၆ ဦး ပွဲချင်းပြီး သေဆုံး သွားခဲ့သည်။

“ကားသမားအိပ်ငိုက်လို့ဖြစ်သွားတာပါ သေဆုံးသွားတဲ့ အထဲမှာ မြန်မာနိုင်ငံသား ၃ ဦးလည်းပါတယ်၊ စိတ်မကောင်းစရာ တစ်ခုက သေဆုံးသွားတဲ့သူအထဲမှာ ကလေးပါလာတဲ့မီဇိုးလင်းမယားလည်းပါတယ်။ ကျန် ၄ ဦးကတော့ ဒဏ်ရာအပြင်းအထန်ရတယ်” ဟု ဇိုခွါထား နှင့် အိုင်ဇောလ်လိုင်းပြေးဆွဲနေသော ကားသမားတဦးက ပြောသည်။

ခရီးသည် လူကြီး ၁၀ ဦး နှင့် ကလေး ၃ ဦး လိုက်ပါလာသော အဆိုပါကား (MZ-01J-9782 Ruat Ruat) သည် အိုက်ဇောလ် ရောက်ခါနီး Seling ကျေးရွာအကျော်Custom check gate အနီးတွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေးဆုံးသွားသော ၆ ဦးမှာ အမျိုးသား ၃ ဦး နှင့် အမျိုးသမီး ၃ ဦးဖြစ်ပြီး ယင်းအထဲမှ သေဆုံးသူမြန်မာနိုင်ငံသားများမှာ ချင်းပြည်နယ် Chawhte ကျေးရွာမှ Magdalin, တမှုးမြို့မှ Lalbiakhnemi နှင့် Zomuana(59) တို့ ဖြစ်သည်။ ကျန်သုံးမှာ မီဇိုရမ်နိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။

Share.

About Author

Leave A Reply

*

code