ကလေးတက္ကသိုလ်၊ ဝယ်စီလီဆေးရုံတို့နှင့် လက်တွဲဆောင်ရွက်ရန်ဆန္ဒရှိကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပြော

0

Chapcharkut Tahan

စစ်ကိုင်းတိုင်းဒေ သကြီး ကလေးမြို့နယ်ရှိ ချင်းလူမျိုးအများစု ပညာသင်ကြားရာ ကလေးတက္ကသိုလ် နှင့် ချင်းလူမျိုးများအဓိက အားထားနေ ရသော ၀ယ်စီလီဆေးရုံးကြီး တို့နှင့် လက် တွဲဆောင်ရွက် ရန် ဆန္ဒရှိကြောင်း မီဇိုရမ်ပြည် နယ် ဝန်ကြီးချုပ် Pu Lal Thanhawla က ပြောဆိုလိုက်သည်။

ကလေးမြို့ တာဟန်း ရပ်ကွက် တွင် ဧပြီ ၆ ရက်မှ ၇ ရက်နေ့အထိ ၂ ရက်တာ ကျင်းပ သည့် ချင်းရိုးရာ ပွဲတော် Chapchar Kut ပွဲတော် သို့ အထူး ဧည့် သည်တော်ကြီး အဖြစ် ရောက်ရှိ လာသော မီဇိုရမ် ပြည်နယ် ဝန်ကြီးချုပ် Pu Lalthanhawla သည် ဧပြီလ ၆ ရက်နေ့က ကလေးတက္ကသိုလ် နှင့် ဝယ်စီလီဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့ရာ ယခုလို ပြောဆို ခဲ့ခြင်းဖြစ်သည်။

 

“ကလေးတက္ကသိုလ်ဟာ ချင်းလူမျိုးအများစု တက်ရောက်သည့် University ဖြစ်တယ်၊ အဲဒါကြောင့် မီဇိုရမ် University၊ Education Department တို့နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ဆန္ဒရှိပါတယ်” ဟု ပြောသည်။

 

ကလေးတက္ကသိုလ်သို့ သွားရောက်လေ့လာသော ဝန်ကြီးချုပ်ကို ကလေးတက္ကသိုလ် ပါမောက္ခ ဦးသန်းဝင်း အပါအဝင် တက္ကသိုလ် ဆရာ၊ ဆရာမ များက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ပြော ဆိုဆွေးနွေး ခဲ့ကြ သည်ဟုသိရသည်။

 

ဆက်လက်ပြီး ဝန်ကြီးချုပ်သည် တာဟန်းရပ်ကွက်ရှိ ဝယ်စီလီဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့ရာ မီဇိုရမ်ဆရာဝန်များနှင့်လည်း ချိပ်ဆက်ဆောင်ရွက် မည့်ကိစ္စရပ်များပြောဆိုခဲ့သည်။

 

“ပြည့်စုံးခြင်းမရှိပေမယ့် ကျနော်တို့ တတ်ထားတဲ့ ပညာတွေနဲ့ အပြန်အလှန် ကူညီထောက်ပံ့မှုတွေ မီဇိုရမ်က အထူးကုဆရာဝန်များနဲ့ လက်တွဲ လုပ်ဆောင်သွားနိုင်ရန် အစီအစဉ်ရှိပါတယ်” ဟု ပြောသည်။

 

Chapchar Kut ပွဲတော်တွင် မီဇိုရမ်ပြည်နယ် Central Young Mizo Association (CYMA) ဥက္ကဌ Lalbiakzuala အပါအဝင် မီဇိုးကျောင်းသားများအဖွဲ့ Mizo Zirlai Pawl (MZP) မှ ခေါင်းဆောင်များလည်း တက်ရောက် လာခဲ့ကြ သည်။

Share.

About Author

Leave A Reply

*

code