(၉) ကြိမ်မြောက် အတာသင်္ကြန်ပွဲ မီဇိုရမ်တွင် ကျင်းပ

0

မြန်မာလူမှုရေးအသင်းဦးဆောင်မှုဖြင့် (၉) ကြိမ်မြောက် အတာသင်္ကြန်ပွဲကို မီဇိုရမ်ပြည် နယ်ရောက် မြန်မာ လူမျိုးများနှင့် အ တူ ပျော်ပွဲစား ဥယျာဉ်တွင် ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က သွားရောက်ကျင်းပခဲ့ကြသည်။ ယင်း ကိစ္စနဲ့ပတ် သက်ပြီး မြန်မာ လူမျိုးများရဲ့ တစ်နှစ်မှာ တစ်ကြိမ်ကျင်းပရတဲ့ ရိုးရာပွဲ ယဉ်ကျေးမှုပွဲတခုဖြစ်တဲ့ အတာသင်္ကြန်ပွဲကို မြန်မာလူမျိုးတွေ ရှိတဲ့ မီဇိုရမ်ပြည် နယ်မှာလည်း ပျော်စေချင်လို့ နောက်ပြီးတော့ ဒီရိုးရာပွဲမ ပပျောက်လေအောင် ကျင်း ပ ရခြင်းဖြစ် တယ်လို့ မြန်မာလူမှုရေးအသင်း ဥက္ကဌ ဦးအောင်ရွှေက ယခုလို ပြောပါတယ်။

 

“ကျနော်တို့ မြန်မာလူမျိုးတွေရှိတဲ့နေရာမှာ မြန်မာ့ရိုးရာ၊ ယဉ်ကျေးမှု မပပျောက်လေအောင် မြန်မာ့ရိုးရာကို ထိန်းသိမ်းတဲ့အနေနဲ့ ကျင်းပရခြင်းဖြစ် တယ်” လို့ ပြောပါတယ်။

 

မီဇိုရမ်ပြည်နယ်မှာ မြန်မာလူမှုရေးအသင်းမှ ဦးဆောင်ပြီးပြုလုပ်ကျင်းပတဲ့ အတာသင်္ကြန်ပွဲကြီးဟာ ယခုဆို (၉) ကြိမ်မြောက် ရှိလာပြီဖြစ်ကြောင်း နှင့် အရင်းနှစ်တွေကလို မီဇိုရမ်ပြည်နယ်မှာ မြန်မာလူမျိုးတွေ အများအပြား မရှိသော် လည်း နောင်နှစ်တွေ မှာလည်း ဆက်လက်ပြီး လုပ်ဆောင်သင့်တဲ့ ယဉ်ကျေးမှုပွဲဖြစ်တယ်လို့ မြန်မာလူမှုရေးအသင်း ဒု-ဥက္ကဌ ဦးရွှေမန်းက ယခု လို ပြောပါတယ်။

 

“ဒီနှစ်က မြန်မာလူမျိုးတွေ အရမ်းကို နည်းလာတယ်။ မြန်မာပြည်ကို ပြန်သွားတဲ့သူတွေ များတယ်။ ဒါပေမယ် ကျနော်တို့ မှန်းထား သလောက် လူဦးရေလာရောက်ပါတယ်။ ဒီလိုပွဲမျိုး ကို နှောင်နှစ်တွေမှာ လည်း ပြုလုပ်သင့် တဲ့အ ရာဖြစ် တယ်။ မြန်မာလူ မျိုးရှိနေ သရွေ့ လုပ်သင့်တယ်အရာ ဖြစ်တယ်။”

 

မြန်မာလူမှုရေးအသင်းမှ ဦးစီးဦးဆောင်ပြီး ကျင်းပပြုလုပ်တဲ့ ၂၀၁၆ ခုနှစ် အတာသင်္ကြန်ပွဲမှာ မြန်မာလူမျိုး ၇၀ ကျော် သွားရောက် ကျင်းပခဲ့သည်။

 

အရင်တုန်းကဆိုရင် မြန်မာလူမျိုးအများစုနေထိုင်သည့် Zuangtui ရပ်ကွက်တွင် Stage ဆင်များထူးကာ အဆိုအက များဖြင့် ပြုလုပ် ခဲ့ဖူးသည်။ သို့သော်လည်း မကြာခဏ ဒေသခံအာဏာပိုင်များရဲ့ ဖမ်းဆီးမှုများကြောင့် ယခုလို တိတ်ဆိတ် တဲ့နေရာဖြစ်တဲ့ ပန်းခြံ၊ ဥယျာဉ် တွေမှာ သွားရောက် ကျင်းပခဲ့ရခြင်းဖြစ်သည်။

Share.

About Author

Leave A Reply

*

code