APA အမည်ခံ ဓါးမြတွေက ကျပ်ငွေ ၁၁ သိန်းဖြင့် လူပြန်ပေးဆွဲ

0

၁၂ စက်တင်ဘာလတွင် ဦးလှထွန်း ဦးဆောင်သည့် APA အမည်ခံ ဓါးမြ အဖွဲ့ ၄ ဦးက ချင်းပြည်နယ် ပလက်ဝမြို့နယ် ကာရမိတ်အုပ်စု၊ ကုန်ပြင်ကျေးရွာသား တဦးကို ပြန်ပေးဆွဲပြီး ကျပ်ငွေ ၁၁ သိန်းဖြင့် ရွေးယူစေခဲ့သည်ဟု သိရသည်။

အဆိုပါ ကျပ်ငွေကို ရပ်ရွာ လူကြီး ဦးဇော်ဇော် နှင့် ဦးကျော်ဦးတို့က ရွာသားများထံ ကောက်ခံပြီး ပြန်ပေးဆွဲခံ ရွာသား အား ပြန်လည် ရွေးယူခဲ့ကြသည်ဟု ကြားသိရသည်။

“ အဲဒီအတွက် ရှင်းလက်ဝ တပ်စခန်းက အစိုးရ စစ်တပ်နဲ့ ချင်းအမျိုးသားတပ်မတော်တွေက စုံစမ်းထောက်လှမ်းနေဆဲ ဖြစ်တယ် ” ဟု ကို အိုက်လှက ပြောသည်။

အဆိုပါ ဓါးမြအဖွဲ့သည် တဖက် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင် ခရိုင် Lungpuh ကျေးရွာတ၀ိုက်တွင် ခိုအောင်းနေကြသည်ဟု လည်း ဒေသခံ တဦးက ပြောသည်။

ချင်းအမျိုးသားတပ်ဦးနဲ့ အစိုးရ တို့ ငြိမ်းချမ်းရေးဆွေးနွေးမှု ဖြစ်စဉ်တွင် ချင်းအမျိုးသားတပ်ဦးမှ ပလက်ဝ မြို့နယ် ကုန်ပြင် ဒေသတွင် ချင်းအမျိုးသားတပ်မတော် အခြေချရေး တောင်းဆိုထားသော်လည်း အစိုးရဖက်မှ ရေရာသည့် တုံ့ပြန်မှု မရှိ သေးကြောင်း သိရသည်။

“ ပလက်ဝ နယ်က မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလား သုံးနိုင်ငံ တြိဂံနယ်မြေမှာ တည်ရှိတယ်ဆိုတော့ နယ်မြေလုံခြုံရေးက အရေး ကြီးတယ်၊ ဒါကြောင့် လည်း ဒီနယ်မြေမှာ တပ်စခန်းချဖို့ တောင်းဆိုထားတာပါ” ဟု ချင်းအမျိုးသားမတော်မှ ဒုတိယ စစ် ဦးစီးချုပ် ဗိုလ်မှူးကြီး သန်းထွန်းက ပြောသည်။

Share.

About Author

Comments are closed.