မူးယစ်ဆေးဝါးကြောင့် မီဇိုရမ်တွင် သေဆုံးသူဦးရေ ပိုများလာ

0

မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Mizoram Excise & Narcotics Department ၏ မှတ်တမ်းအရ ၂၀၁၅ ခုနှစ်ထက် ၂၀၁၆ ခုနှစ်တွင် မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကြောင့် သေဆုံးသူဦးရေ ပိုများကြောင်း သိရသည်။

ယင်းမှတ်တမ်းအရ ၂၀၁၆ ခုနှစ် မေလ ၃၀ ရက်နေ့အထိ မူးယစ်ဆေးဝါးကြောင့် သေဆုံးသူဦးရေမှာ ၃၀ ဦး ရှိနေပြီဖြစ်ကြောင်းနှင့် ပြီးခဲ့ သည့် ၂၀၁၅ တစ်နှစ်လုံးတွင် သေဆုံးသူဦးရေ (၂၇) ဦးသာရှိကြောင်း သိရသည်။

ယခုနှစ်အတွင်း မူးယစ်ဆေးဝါးကြောင့် သေဆုံးသူများမှာ အမျိုးသား ၂၅ ဦး နှင့် အမျိုးသမီး ၅ ဦး ဖြစ်ကြောင်းသိ ရပြီး သေ ဆုံးသူများ အနက် ၁၄ ဦး မှာ ဘိန်းဖြူသုံးစွဲမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသထုတ် The Aizawl Post သတင်းစာတွင် ဖော်ပြသည်။

မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကြောင့် သေဆုံးမှုအများဆုံးနှစ်မှာ ၂၀၀၄ ခုနှစ်ကဖြစ်ပြီး လူဦးရေ ၁၄၃ ဦး သေဆုံးခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် (၁၃၉) ဦး၊ ၂၀၀၃ ခုနှစ်တွင် (၁၃၆) ဦးရှိခဲ့ကြောင်းသိရသည်။

အဆိုပါ မှတ်တမ်းဖော်ပြချက်အရ ၁၉၈၄ ခုနှစ်မှ ယခုချိန်အထိ မူးယစ်ဆေးဝါးကြောင့် မီဇိုရမ်အတွင်း သေဆုံးသူ ဦးရေ ၁၃၇၂ ဦးရှိနေပြီဖြစ်ကြောင်းနှင့် ၄င်းအနက် ၁၂၂၆ ဦးမှာ အမျိုးသားများဖြစ်ပြီး ကျန် ၁၄၆ ဦးမှာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။

Share.

About Author

Leave A Reply

*

code