မီဇိုရမ်တွင် ချင်းအမျိုးသမီးတစ်ဦးထံ ဘိန်းဖြူ ၉ ဟောင် ဖမ်းဆီး

0

မီဇိုရမ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဖြစ်သည့် Supply Reduction Service (SRS) အဖွဲ့မှ ပြီးခဲ့ သည့် ဇူလိုင် ၃ ရက်နေ့ညက Aizawl Venglai ရပ်ကွက်တွင် ဘိန်းဖြူ ၉ ဟောင် နှင့် အတူ ပိုင်ရှင်ဟု ယူဆသော ချင်းအမျိုးသမီးတဦးကို ဖမ်းဆီးခဲ့သည်။

ဘိန်းဖြူနဲ့အတူ ဖမ်းဆီးထားသော ချင်းအမျိုးသမီးမှာ ကလေးမြို့နယ် တာဟန်းရပ်ကွက် တွင် နေထိုင်သူ အသက် ၄၄ နှစ်အရွယ်ရှိသော Thanthuami ဟု သိရသည်။

အဆိုပါ ဖမ်းဆီးထားသော ဘိန်းဖြူ၏ ကာလတန်ဖိုးမှာ ရှုပီး ၅ သိန်းခန့််ရှိပြီး ဖမ်းဆီးခံထားရ သော Thanthuami ကို မီဇိုရမ် ရဲလက်ထဲသို့ အပ်နှံခဲ့ပြီး အမှုဖွင့်ဆိုခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က ကလေးမြို့နယ် တောင်ဖီလာရပ်ကွက်တွင် နေထိုင်သူ ချင်းအမျိုးသမီးထံ ရှုပီး ၁၀ သိန်းကျော် တန်ဖိုးရှိ ဘိန်းဖြူ ၃၀ ဟောင် ကို မီဇိုရမ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ Supply Reduction Service (SRS) က ဖမ်းဆီးခဲ့သည်။

မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ SRS အဖွဲ့မှ ထုတ်ပြန်ချက်အရ သုံးလအတွင်း မီဇိုရမ်ပြည်နယ်တွင် ဘိန်းဖြူ ၁၀၅ ဟောင် ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြသည်။

Share.

About Author

Leave A Reply

*

code