ရူပီးသိန်း ၈၀၀ ကျော် တန်ဖိုးရှိ ရွှေပြား အိန္ဒိယ-မြန်မာနယ်စပ်တွင်ဖမ်းမိ

0

အိန္ဒိယပြည်မဘက်သို့ တင်ပို့မည့် ရူပီးငွေ သိန်း ၈၀၀ ကျော်တန်ဖိုးရှိ ရွေပြား (၁၅၀) ပြားကို အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ် ပြည်နယ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံမှ ယခုလ ၁၃ ရက်နေ့ကဖမ်းမိသည်ဟုသိရသည်။

အိန္ဒိယ-မြန်မာနယ်စပ်မှ မီဇိုရမ်ပြည်နယ် ဘက်သို့ တက်လာသော Maruti 800 ကားတစီးကို ကြိုတင်သတင်းရရှိချက်အရ မီဇိုရမ်ရဲများက Khankawn ဂိတ်တွင် တားဆီးစစ်ဆေးရာတွင် ကားထိုင်ခုံအောက်တွင် ဖွတ်ထားသော တရားမ၀င်သယ် ဆောင်လာသည့် ရွှေပြားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါရွှေပြားနှင့်အတူ ပိုင်ရှင်ဟုယူဆရသူ ကလေးမြို့နယ် လက်ပံချောင်း ကျေးရွာနေ Vanmalsawma ကို ဖမ်းဆီး လိုက်ပြီး အမှုအသေးစိတ်စုံစမ်းစစ်ဆေးရန် ကျန်ဖိုင်းမြို့တွင်ချုပ်နှောင်ထားကြောင်း၊ ရွှေပြားကိုလည်း ကျန်းဖိုင်းခရိုင် Superintendent of Central Customs လက်ထဲသို့ အပ်နှံထားကြောင်း မီဇိုရမ်ဒေသထုတ်သတင်းစာတွင်ဖော်ပြထား သည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့လည်း မီဇိုရမ်ပြည်နယ် Anti-Smuggling Unit, Aizawl Customs Division အဖွဲ့က ပြည်နယ်၏မြို့တော် အိုင်ဇောလ်မှ ဂိုဟာတီ မြို့ဘက်သို့ ပြေးဆွဲသော NETWORK မှန်လုံကာတစ်စီးကို မြို့ပြင် Rangvamual ရပ်ကွက်တွင် စစ်ဆေးခဲ့ရာ ကီလို 7.659 ဂရမ် အလေးချိန်ရှိ ရွှေပြား (၄၆) ပြား တန်ဖိုးအားဖြင့် ရူပီး သိန်း ၂၃၀ ကျော်ကို မြန်မာနိုင်ငံသား ချင်းအမျိုးသား ၂ ဦးထံ ဖမ်းဆီးခဲ့သည်။

ယခုနှစ် ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ တရားမဝင်သယ်ဆောင်သောလော ရွှေပြားများကို မီဇိုရမ်ပြည်နယ်တွင် မကြာခဏ ဖမ်းဆီး လျက်ရှိကြောင်း သိရသည်။

Share.

About Author

Leave A Reply

*

code