ဟားခါးပြန်လည်ထူထောင်ရေးကော်မတီ (HRC) အဖွဲ့မှ CYMA ထံ ကူညီထောက်ပံ့ငွေ ပေးအပ်

0

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှို သဘာဝဘေးဒဏ်ခံခဲ့ရသော မီဇိုးပြည်သူများအတွက် ကောက်ခံသည့် ငွေများအား Central Young Mizo Association ထံ ဟားခါးပြန်လည် ထူထောင်ရေးကော်မတီ (Hakha Rescues Committee) အဖွဲ့မှ ဇူလိုင် ၂၀ ရက်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။

HRC အနေဖြင့် မီဇိုးလူငယ်အသင်း (CYMA) ထံသို့ ရူပီး ၁၅ သိန်း၊ Young Lai Association ထံသို့ ရူပီး ၅ သောင်း နှင့် မရာလူငယ်အသင်း(MTP) ထံသို့ ရူပီး ၅ သောင်း အသီးသီးထောကိပံ့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကူညီငွေများပေးအပ်ရန် မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိလာကြသော ကိုယ်စားလှယ်များအနေဖြင့် ဟားခါးပြန်လည် ထူထောင်ရေးကော်မတီအဖွဲ့ဝင် (၅) ဦး၊ ဟားခါးပိုစ့်သတင်းထောက် (၁) ဦး၊ ချင်းလဲန်းပိုစ့်သတင်းထောက် (၁) ဦး၊ Chin Youth Organisation (CYO) မှ (၁) ဦး၊ UPC ပါစတာ (၁) ဦး၊ artist (၂) ဦး နှင့် ကားသမား (၂) ဦး စုစုပေါင်း ၁၃ ဦး လာရောက်ခဲ့ကြောင်း The Aizawl Post သတင်းစာတွင် ဖော်ပြသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက မီဇိုရမ်ပြည်နယ်တွင်မိုးအဆက်မပြတ်ရွာသွန်းပြီး မြေပြိုခြင်း၊ အိမ်ပြိုခြင်း နှင့် ရေကြီးရေလျှံမှု များကြောင့် ဒုက္ခရောက်နေကြသည့် မီဇိုးပြည်သူများအား ကူညီရန်အတွက် HRC အဖွဲ့မှ ဦးဆောင်ပြီး ဟားခါးမြို့ပေါ်ရှိ အသင်းတော်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာလူကြီးများ၊ ကုမ္ပဏီပိုင်ရှင်များနှင့် ၀န်ကြီးများထံ အလှူငွေ ကောက်ခံသည့်အပြင် ရံပုံငွေရှာဖွေရေး ဂီတဖျော်ဖြေပွဲမျာကျင်းပကာ ကျပ်ငွေစုစုပေါင်း ၄၇၅ သိန်းကျော်ရရှိပြီး သဘာဝဘေးဒဏ်ခံပြည်သူများအတွက် အသုံးပြုကူညီဆောင်ရွက်နိုင်ရန်ကူညီထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ မီဇိုရမ်ပြည်နယ် သဘာဝဘေးဒဏ်ခံပြည်သူများအား လာရောက်ကူညီပေးသော HRC အဖွဲ့များကို CYMA မှ သဘာဝ ဘေးဒဏ်ကြုံတွေ့နေရသည့် နေရာများကို လိုက်လံကြည့်ရှုခိုင်းပြီးနောက် ညနေစာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။

အလားတူ သဘာဝဘေးဒဏ်ခံခဲ့ရသော မီဇိုးပြည်သူများအား ကူညီထောက်ပံ့ရန်အတွက် Zomi Relief/Rescue Committee ဦးဆောင်မှုဖြင့် တီးတိန်မြို့ပေါ်တွင် အလှူငွေများကောက်ခံခဲ့ရာ ကျပ်ငွေ သိန်း ၇၀ ကျော် နှင့် ဆန်အိတ် ၁၅ အိတ် ရရှိပြီဖြစ်ကြောင်း သိရပြီး Zomi Donghu Kipawlna အဖွဲ့မှ မြန်မာနိုင်ငံအတွင်း ဇိုမီးလူမျိုးများနေထိုင်သော မြို့နယ်အသီးသီးတို့တွင်လည်း ထပ်မှန် ကောက်ခံကြမည်ဟုသိရပြီး ယခုလကုန်ပိုင်းတွင် မီဇိုရမ်ပြည်သို့ သွားရောက်ကူညီနိုင်မည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ချင်းပြည်နယ်တွင် သဘာဝဘေးဒဏ်ကြုံတွေ့ခဲ့ရစဉ်တုန်းကလည်း မီဇိုရမ်ပြည်နယ်မှ မီဇိုးလူငယ်အသင်း (Central Young Mizo Association) ၏ ဦးဆောင်မှုဖြင့် မီဇိုရမ်ပြည်နယ်တွင် အလှူငွေများကောက်ခံခြင်း၊ ရံပုံငွေဂီတ ပွဲတော်များပြုလုပ်ကာ သဘာဝဘေးဒဏ်ခံခဲ့ရသော ချင်းပြည်သူများအား ကျပ်ငွေ သိန်းပေါင်း ၈၀၀ ကျော် ကူညီထောက်ပံ့ခဲ့သည်။

Share.

About Author

Leave A Reply

*

code