ချင်းပြည်နယ်တွင် H1N1 ရောဂါဖြစ်ပွားသူ လူနာ (၁၀) ဦး တွေ့ရှိထား

0

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်တွင် H1N1 (ရာသီတုပ်ကွေ)ရောဂါဖြစ်ပွားသူ လူနာ (၁၀) ဦးတွေ့ရှိထားပြီး ကူးစက်ပြန့်ပွားမှုဆက်လက်မဖြစ်ပွားစေရန် ပြည်နယ်အစိုးရအနေဖြင့် အရေး ပေါ်ကာ ကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု သိရသည်။

ယခုလဆန်ုးပိုင်းက မတူပီမြို့နယ်တွင် ဖျားနာမှုများဖြစ်ပွားခဲ့ပြီး မတူပီဆေးရုံကြီးသို့ လာရောက်ပြသ သည့်လူနာများမှ မသင်္ကာဖွယ်ရာ လူနာ (၁၀) ဦး၏ ချွဲသလိပ်များကို ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းသို့ စစ်ဆေးရန်ပို့ဆောင်ခဲ့ကြရာ H1N1 ရောဂါပိုးတွေ့ရှိ ကြောင်း (၂၃.၇.၂၀၁၇) ရက်နေ့တွင် ဗဟိုကူး စက်ရောဂါတိုက်ဖျက်ရေးဌာန (နေပြည်တော်) နှင့် ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းမှ အကြောင်း ပြန်ကြား ခဲ့ပါသည်ဟု ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဆလိုင်းအိုက်ဇက်ခင် ကပြောသည်။

“ဒီလ ၃ ရက် ၄ ရက်လောက်မှာ မတူပီမှာ ဖျားကြနာကြတယ်ဗျ အဆုပ်အအေးပတ်တာတို့ ဘာတို့ဖြစ်တော့ သလိပ်တွေကို ရန်ကုန်ဓာတ်ခွဲခန်းကို ပို့လိုက်တယ်၊ ပို့တဲ့အခါကျတော့ H1N1 ပိုးတွေ့တယ်ဆိုပြီးတော့ ၂၃ ရက်နေ့ကအကြောင်းပြန်လာတယ်၊ စုစုပေါင်း (၁၀) ယောက်ပေါ့နော်” ၀န်ကြီးအိုက်ဇက်ခင်ကပြောသည်။

အသက် (၆) နှစ်အရွယ် မောင်တမ်းနိုင်သည် ၅ ရက်ခန့်ဖျားနာပြီးနောက် ဆေးရုံသို့လာ ရောက်ကုသ သော် လည်း နှစ် နာရီအတွင်းသေဆုံး သွားခဲ့သည်ဟု သိရသည်။ H1N1 ရောဂါဖြစ်ပွား သည့် လူနာ (၁၀) ဦး၏ အခြေအနေမှာ ကောင်းမွန်နေသော်လည်း ဒေသခံပြည်သူများ အနေဖြင့် လူစုလူဝေးဖြင့် မနေကြရန်နှင့် မြိုထဲသွားလာမည်ဆိုပါက မျက်နှာဖုံးစွပ် သွားလာကြရန် ပြည်နယ်အစိုးရမှ နှိုးဆောင်ထားသည်။

ထို့အပြင် ချင်းပြည်နယ်ကူးစက်ရောဂါ တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် Dr. ThangMaunkhai နှင့် မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံမှ ကလေးအထူးကု Dr. ယုမွန်မြင့် တို့ဦးဆောင်သော ကျန်မားရေးအဖွဲ့ များကလည်း သွားရောက်ကုသပေးနေသည်ဟု သိရသည်။

ယခုလက်ရှိမြန်မာနိုင်ငံတွင် H1N1 ရောဂါကူးစက်ခံရသူ မတူပီတွင် (၁၀) ဦး ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီး တွင် လူနာ(၂) ဦး နှင့် ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးတွင် လူနာ(၁) ဦး စုစုပေါင်း (၁၃) ဦးရှိသည်။

H1N1 ကူးစက်ခံရသူတစ်ဦး၏ ရောဂါလက္ခဏာများမှာ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါ်င်းမူးခြင်း၊ သတိလစ်ခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ လက်ဖျားခြေဖျားအေးစက်ခြင်းတို့ဖြစ်သည်။

Share.

About Author

Leave A Reply

*

code