မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကို ချင်းအဖွဲ့အစည်းဖြစ်သည့် CRCDF အဖွဲ့တို့မှ သွားရောက်တွေ့ဆုံ

0

မီဇိုရမ်ပြည်နယ်ရှိ သဘာဝဘေးဒဏ်ခံစားနေရသော မီဇိုးပြည်သူများအား ကူညီဖို့ရန် မီဇိုရမ်ပြည်နယ်ကိုရောက်ရှိလာကြသော ဖလမ်းမြို့နယ် ချင်းအဖွဲ့အစည်းအသီးသီးပူးပေါင်းဖွဲ့စည်းထားသည့် Chin Relief – Rehabilitation and Community Development Foundation (CRCDF) အဖွဲ့တို့မှ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နေထိုင်ရာ Bangla တွင် သြဂုတ်လ ၂၈ ရက်နေ့က သွားရောက် တွေ့ဆုံခဲ့သည်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Lal Thanhawla နှင့် CRCDF အဖွဲ့တို့တွေ့ဆုံမှုတွင် အဓိကအားဖြင့် နှစ်နိုင်ငံကုန်သွယ်ရေးကိစ္စနှင့် မူးယစ်ဆေးဝါးနိမ်နှင်းရေးကိစ္စအပြင် ချင်းလူမျိုးများလိုအပ်သည့်ကိစ္စရပ်များကို ကူညီပေးလျှက်ရှိသည့် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် အပေါ် အထူးဝမ်းမြောက်ကြောင်း ပြောဆိုကြသည်ဟု The Aizawl Post သတင်းစာတွင် ဖော်ပြသည်။

“ဝန်ကြီးချုပ် Lal Thanhawla ဟာ မီဇိုးလူမျိုးများကိုယ်စားလှယ်အဖြစ်သော်လည်းကောင်း၊ ဦးဆောင်နိုင်စွမ်းရှိသူဖြစ်တယ်။ ချင်း လူမျိုးများ လိုအပ်သည့်ကိစ္စရပ်များကို ကူညီပေးလျှက်ရှိသည့်အပေါ် အထူးဝမ်းမြောက်ကြကြောင်း” CRCDF အဖွဲ့တို့က ပြောဆိုခဲ့ သည်။ ချင်းအဖွဲ့အစည်းဖြစ်သည့် CRCDF အဖွဲ့တို့မှ မီဇိုရမ်ပြည်နယ်ရှိ သဘာဝဘေးဒဏ်ခံစားနေရသော မီဇိုးပြည်သူများအတွက် ရည်ရွယ်ပြီး ကောက်ခံရရှိသည့် ရူပီး ၇ သိန်းကျော်ကို Central Young Mizo Association (CYMA) ထံ ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက်နေ့တွင် ပေးအပ်ခဲ့သည်။

မီဇိုရမ်ပြည်နယ်ရှိ သဘာဝဘေးဒဏ်ခံစားနေရသော မီဇိုးပြည်သူများအား ကူညီဖို့ လာရောက်ကြသော CRCDF အဖွဲ့ခေါင်းဆောင် များမှာ Hrang Lawm, Dar Lian Uk, Salai Nghgepi Thian Uk Thang, Nu Tial Kip Hoi တို့ဖြစ်ပြီး ၄င်းအပြင် CRCDF အဖွဲ့နဲ့ အတူ နှစ်ခြင်းအသင်းတော် ပါစတာ Lal Awmpuia ဖြစ်သည်။

ထို့အပြင် Falam Youth Association ခေါင်းဆောင်သူများမှာ Salai C Dik Thang, Salai Mapui, CISS Alumni Association ကိုယ်စားလှယ်အဖြစ် Mai Cung Cer Cin တို့ ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့ကလည်း ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ Zomi Youth Association (ZYA), Zomi Congress for Democracy (ZCD) နှင့် အသင်းတော်အသီးသီးတို့ ပူးပေါင်းထားသော Zomi Donghu Kibawlna အဖွဲ့မှ သဘာဝဘေးဒဏ်ခံ မီဇိုးပြည်သူများအား ကျပ်ငွေ သိန်း ၁၇၀ (ရူပီး ၈၅၀၀၀၀) နှင့် ရူပီး ၅၀၀၀၀ တန်ဖိုးရှိ ဆန်အိတ် ၁၀၀ ကို အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်ရှိ Central Young Mizo Association (CYMA) လက်ထဲသို့ ပေးအပ်လှူဒါန်းခဲ့သည်။

Share.

About Author

Leave A Reply

*

code