ချင်းအဆိုတော် အောင်သာလိန်းထန်း(ခေါ်) ထန်းထန်း နှင့် တွေ့ဆုံခြင်း

0

( Mai Ling hung Leng တွေ့ဆုံမေးမြန်းသည်)

မေး။      ။ ပထမဆုံးအနေနဲ့ မောင်လေးရဲ့ ဇာတိမြေနဲ့ မိသားစုအကြောင်း အရင်ပြောပေးပါဦး။

ဖြေ။       ။ ဇာတိကတော့ ချင်းပြည်နယ် မင်တပ်မြို့ကပါ၊ မောင်နှမ ခြောက်ယောက်ထဲက ကျတော်က အငယ်ဆုံးပါ။

မေး။      ။ အခွေ ဘယ်နှခု ထွက်ပြီလဲ၊ မီနီအယ်လ်ဘမ်ကော ဘယ်နှခု ထွက်ပြီလဲ။

ဖြေ။       ။ ခွေက Group အခွေပဲ ထွက်သေးတယ်၊ ခုလည်း Group ခွေပဲထွက် ထွက်မယ်၊ Mini Album တစ်ခွေ ထွက်ထားတယ်၊ သုံးပုဒ်ပါ။

မေး။      ။ ဘယ်တုန်းကတည်းက သီချင်းဆိုတာဝါသနာပါတာလဲ။ မောင်လေး ဘယ်လို သီချင်း အမျိုးအစားတွေကို ဆိုရတာ ပိုကြိုက်လဲ။

ဖြေ။       ။ ဆိုတာတီးတာကတော့ နှစ်တန်း သုံးတန်း ကတည်းက တီးတယ်၊ ဆိုတယ်၊ကြိုက်တာကတော့ Trash Metal , Heavy Metal တွေကို ကြိုက်ပါတယ်။ ဒါပေမဲ့ မဆိုဖြစ်ဘူး၊ ဆိုဖြစ်တာက Modern Rock အထာတွေ များတယ်။ Heavy တွေလည်း ပါပါတယ်။ Show ကျရင်တော့ Heavy တွေက မပါတော့ဘူး။

မေး။      ။ BAND ရဲ့ အမည်လေးကော ပြောပြပေးပါဦး BAND ရဲ့ အဓိပ္ပါယ်လေးကော သိပါရစေ၊ ပြီးတော့ အဖွဲ့နဲ့ လုပ်တာလား တစ်ယောက်ထဲက ပဲဦးဆောင်တာလား ဆိုတာလေးလည်း ရှင်းပြပေးပါဦး။

ဖြေ။       ။ Band ရဲ့နာမည်ကတော့ STATE OF ASH(SOA) ပါ၊ အဓိကကတော့” Until We Burn” ၊ အမှုန့် ကစ ကျတော်တို့ အမှုန့် ပြန်ဖြစ်တဲ့ အထိ Rock ဂီတကို ဆက်လုပ်နေမယ်ဆိုတဲ့ သဘောပါ။

မေး။      ။ ဒီBandက Group လိုက်လုပ်ကြတာလား။

ဖြေ။       ။ ဟုတ်ကဲ့ Group လိုက်လုပ်ကြတာပါ။

မေး။      ။ မောင်လေးက ဘယ်အပိုင်းကို တာဝန်ယူထားတာလဲ။

ဖြေ။       ။ ကျတော် တာဝန်ယူထားတဲ့ အပိုင်းက ပိုများပေမဲ့ ကျန်တဲ့လူတွေကလည်း အရေးကြီးပါတယ် ခင်ဗျား။

မေး။      ။ ဖန်တီးတဲ့နေရာမှာ Player တွေရဲ့ အရေးပါမှုကိုကော ပြောပြပေးပါဦး။

ဖြေ။       ။ ကျတော်တို့က ဂီတကို ဖန်တီးချင်တာပါ၊ ဖန်တီးတဲ့ နေရာမှာ Player တွေက အရမ်းအရေးကြီးပါတယ်။ သီချင်းဆိုရုံ သက်သက်ဆိုရင်တော့ Session Player တွေနဲ့ပဲ တီးမှာပေါ့။ ကျတော်တို့ က ဖန်တီးချင်တာ၊အားလုံးက အကောင်းဆုံးပေးဆပ်ကြတာ၊ ဝတ်ကျေတန်းကျေ တော့ မပါဘူး၊ အဲဒါ Band ဆိုတဲ့ အစုအဖွဲ့ကို ကျတော်တို့ လိုအပ်တဲ့ အကြောင်းအရင်းပဲ။ Singer ဖြစ်ချင်တာ မဟုတ်ဘူး၊ ဖန်တီးနိုင်တဲ့ Musician တစ်ယောက်ဖြစ်ချင်တာ။

မေး။      ။ Own Tune တစ်ပုဒ်ကို ဆိုပြီး ပေါက်သွားတာနဲ့ သူများသီချင်း ဆိုပြီးတော့ ပေါက်သွားတဲ့ဟာမျိုးဆိုရင် ဘယ်လိုမျိုးကွာခြားမှု ရှိမယ်လို့ ထင်လဲ။

ဖြေ။       ။ ကိုယ်ပိုင် ဖန်တီးပြီး ထွက်လာနိုင်တာက ပိုပြီးလိပ်ပြာ သန့်တာပေါ့။ဂီတတစ်ခေတ်ကို Revolution လုပ်ခဲ့ကြတဲ့ လူတွေကို သမိုင်းမှာ ကြည့်ရင် အသံကောင်းတာ မကောင်းတာထက် ဖန်တီးမှု အားကောင်းတဲ့သူတွေပဲ တွေ့ရမှာပါ။ သူများ သီချင်းပြန်ဆိုရတာ အရမ်းသက်သာတယ် လို့ မြင်တယ်။ သူ့ဖန်တီးမှုမပါတဲ့ အရာတစ်ခုကို ဝင်ခံစားကြည့်ပြီး အသံကောင်းကောင်းနဲ့ဝင်ဆိုရင် အိုကေတယ်လေ။ အသံကောင်းတဲ့သူတွေက အရမ်းများတယ်၊ဘေးပါတ်ဝန်းကျင်မှာတင် အများကြီး အခု လူတွေရဲ့ ပြဿနာက ဖန်တီးဖို့ အားမထုတ်ကြတာပဲ၊ ခေတ်ကလည်း ပေါက်ပြီးသား သီချင်းတစ်ပုဒ်ကို ကောင်းအောင်ဆိုပြရုံနဲ့ အလုပ်ဖြစ်နေတာလေ။ အဲတော့ ဖန်တီးဖို့ အားမစိုက်ကြတော့တာ၊ ဒါပေမဲ့ သူဇာတ်နဲ့သူတော့ ဟုတ်နေတာပဲ၊ တကယ်ဖန်တီးပြီး ချပြချင်တဲ့သူတွေက ဘေးရောက်နေတာများတယ်၊ ကိုယ့် ခံယူချက်နဲ့ကိုယ် ဆိုတော့ နောင်တရစရာတော့ မရှိဘူး၊ ကျနော်ကတော့ ခံယူချက် ခိုင်ခိုင်မာမာ မရှိတဲ့သူတွေကို သနားတယ်၊ သူတို့လည်း ကိုယ့်ကို ပြန်သနားကြတယ်။

မေ။       ။ တခြား အဆိုတော်တွေနဲ့ကော တွဲဖက်ပြီး သီဆိုခဲ့တာတွေ ရှိလား။ ရှိရင် ပြောပြပေးပါဦး။ နယ်ရှိုးပွဲတွေကော ဆိုဖူးလား၊ ဆိုဖို့ကော အစီအစဉ် ရှိလား။

ဖြေ။       ။ တခြား အဆိုတော်တွေနဲ့တော့ တွဲမဆို ဖြစ်ဘူး၊ Show မှာတော့ တစ်ခါ ဆိုဖူးတယ်။ ကိုရေမွန်(Idiots )နဲ့ပါ၊သူတို့နဲ့ အတူ သီချင်းတစ်ပုဒ်ဆို ဖြစ်တယ်၊ Show မှာပါ၊အမှတ်တရပါပဲ။ Show သုံးပွဲလောက် အတူတီးဖူးတယ်၊IDIOTS နဲ့ Show တွေကတော့ ရန်ကုန်မှာပဲ တီးဖြစ်ဆိုဖြစ်တယ်။ အဝေးဆုံး ဆိုဖြစ်တာ ပဲခူးပဲ ရှိသေးတယ်၊ နယ်ပွဲတွေရှိရင် အတတ်နိုင်ဆုံး သွားမှာပါ။

မေး။      ။ အဆိုတော်တွေထဲမှာ ဘယ်သူ့ကို အကြိုက်ဆုံးလဲ။ World Wide Band အဆိုတော်တွေထဲမှာကော ဘယ်သူ့ကို အကြိုက်ဆုံးဆုံးလဲ။

ဖြေ။       ။ ကြိုက်တာတွေက အများကြီးပဲ၊IC က အဆိုတော်တွေရော၊ အတီးသမားတွေကိုရော ကြိုက်တယ်၊ ပြီးတော့ IDIOTS ကိုလည်း ကြိုက်တယ်။World Wide Band တွေထဲကဆိုရင် Metallica က အကြိုက်ဆုံးပဲ။ James က Lars ဖန်တီးထားတာ ကောင်းသလို Band ကို နှစ်ပေါင်းသုံးဆယ်လောက် အကောင်းဆုံး ထိန်းထားနိုင်တာကို သဘောကျတယ်၊ အဲဒါက မလွယ်ဘူး။

မေး။      ။ ဒီ Musicကို စလုပ်တဲ့ အချိန်မှာ ပံပိုးပေးတဲ့ သူတွေကော ရှိလား။

ဖြေ။       ။ ဟုတ်၊ စလုပ်တဲ့ အချိန်ပံပိုးပေးတဲ့ သူတွေကတော့ သူငယ်ချင်းတွေပါပဲ။ကျတော်တို့မှာ အုပ်စုလိုက်ကြီးရှိတယ်၊ဘော်ဒါတွေလေ၊ ဒုက္ခကို ဝိုင်းသယ်ပေးနေတာ နှစ်ပေါင်း မနည်းတော့ဘူး။မိဘဆီကတော့ အားနာလို့ အကူအညီ တတ်နိုင်သလောက် မတောင်းဘူး၊ မငယ်တော့ဘူးလေ၊ ကိုယ်က ဘာမှ ပြန်မလုပ်သေးနိုင်တဲ့ အပြင် ကိုယ့် အပူတွေသွားပေးနေရင် မကောင်းဘူးလေ၊ အကိုတွေ အမတွေကိုလည်း အားနာတယ်။ ဒါပေမဲ့ သူတို့ကိုတော့ မုန့်ဖိုးတောင်းနေတုန်းပဲ။

မေး။ ။ အနုပညာလှူပ်ရှားမှူတွေမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ။ ။ အခက်ခဲ တွေကတော့အများကြီးပဲ အဆင့် လိုက်ပေါ့ ။ သီချင်းရေးပြီးတာနှင့် တီးဖို့ အတွက် Player တွေ စုရတယ် ။ Arrangement တွေလုပ်ရတယ်။ နောက် တီးပြီးဆိုပြီးမှ Mixing & Mastering မှာလဲ တော်တော် ကြာပါတယ်။ အဲလိုနှင့် သီချင်းလေးတွေ စုပြီးလာတာနှင့် Show ဆိုနိုင်ဖို့ ကြိုးစားရတယ်။ စ စချင်းတုန်းကဆို ကိုယ့်ပိုက်ဆံ ကိုယ်စိုက်ပြီး Show မှာ ဝင် ဆိုရတာ။ အရမ်း ဆိုချင်တီးချင်တော့လည်းကြိုးစားရတာပေါ့။ အဲလိုနှင့်ခုတော့ နည်းနည်းအိုကေလာပါပြီ။ နောက် အခက်ခဲကတော့ ခုထိ မကျော်ဖြတ်နိုင်သေးဘူး။ SOLO Album ထွက်ချင်တာ ခုထိ ကို မထွက်နိုင်သေးဘူး။ သီချင်းတွေက တီးပြီးဆိုပြီးတာ တော်တော် ကြာပြီ။ အဲဒါကို အမြန်ဆုံးထွက်ချင်နေပြီ။ ဒီနှစ်လည်း မထွက်နိုင်သေးပြန်ဘူးထင်ပါတယ်။ အဲဒါနှင့်ပဲ ကိုယ်နိုင်တဲ့ Group Album တွေ ပဲလုပ်ဖြစ်နေတယ်။ အခက်အခဲတွေ ကတော့ အကုန်ပြောရင်မိုးလင်းသွားမှာ။ တော်တော် ကိုများတာ ။ ဒါပေမယ့် ဘယ်အရာမှလွယ်လွယ် မရဘူးဆိုတာကို ကျနော် နားလည်ထားပါတယ်။ ဘဝ မှာ လူတိုင်း Risk တစ်ခု တော့ ယူခဲ့ရတာချည်းပဲလေ။ အဲဒီတော့ ဒီအခက်အခဲတွေလည်း တစ်နေ့ ကျ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

မေး။      ။ အချစ်ရေး၊ အိမ်ထောင်ရေးကော စဉ်းစားနေတာ ရှိပြီလား။

ဖြေ။       ။ အိမ်ထောင်ပြုတယ်ဆိုတာ ဘာမှန်းခုထိ ဝင်မလာသေးဘူး၊ လုပ်ချင်တာ အေးဆေးလုပ်ရတာ ပိုသဘောကျတယ်။

မေး။      ။ ဒီအနုပညာ လုပ်နေတဲ့ အချိန် သင်ပေးတဲ့ ဆရာတွေကော

ဖြေ။       ။ သင်ပေးတဲ့ ဆရာတွေတော့ သေချာ မရှိဘူး၊မြင်ဆရာ ၊ကြားဆရာတွေတော့ မရေမတွက်နိုင်ဘူး။

မေး။      ။ မောင်လေးရဲ့ အနုပညာ လှုပ်ရှားမှု အပိုင်းလေးတွေမှာ အမှတ် အရဆုံး အဖြစ်အပျက်လေး တစ်ခုလောက် ပြောပြပေးပါလား။

ဖြေ။       ။ အမှတ်ရစရာတွေတော့ အများကြီးပဲ၊ လုံးဝ အစိမ်းသက်သက်နဲ့ ဒီလောကထဲကို စဝင်တော့ မထင်မှတ်ထားတဲ့ သူတွေက ကူညီကြတယ်၊ 2014 တုန်းက တို့ပွဲမှာ ဆိုခဲ့ရတာ ခုထိ ပြန်တွေးတိုင်းပျော်တယ်၊ ငယ်ငယ်က မျှော်စဉ်ကျွန်းထဲမှာ Show တွေ သွားကြည့်ရင်း အဲဒီ State ပေါ်မှာ ဆိုဖို့တီးဖို့ အိမ်မက်မက်ခဲ့တာတွေ ပထမဆုံး ဖြစ်လာကိုး အရမ်း ရင်ခုန်ခဲ့ရပါတယ်၊ နောက်ပိုင်း ဦးဇော်ဝင်းထွဋ်နဲ့ ထပ်ဆို ဖြစ်ပါသေးတယ်၊ မှတ်မှတ်ရရပါပဲ။

မေး။      ။ အခု ဆိုရင် အောင်သာလိန်းထန်းကို အားပေးနေတဲ့ ပရိတ်သတ်တွေ တော်တော်များများ ရှိနေပါပြီ၊ မောင်လေးကို အားပေးနေတဲ့ ပရိတ်သတ်တွေကိုကော ဘာတွေ ပြောစရာ ရှိသေးလဲ။

ဖြေ။      ။ အားပေးတဲ့သူတွေကို အထူး ကျေးဇူးတင်ပါတယ်၊ ကျနော့်ကို အားပေးတယ်၊ ကြိုက်တယ်လို့ ဘယ်သူ့ရှေ့မှာ ပြောပြော မျက်နှာ မငယ်ရအောင်လို့ အမြဲ အကောင်းဆုံး ကြိုးစားနေပါတယ်။

မေး။      ။ အခု အဆိုတော် ဖြစ်ဖို့ ကြိုးစားနေတဲ့ မျိုးဆက်သစ်လေးတွေကိုကော လက်တွဲ ခေါ်ဖို့ အစီစဉ် ရှိလား။

ဖြေ။       ။ ဟုတ်ကဲ့ ကျနော် အခု လုပ်နေတဲ့ အခွေထဲမှာလည်း မင်းတပ်က ကျနော် အားရတဲ့သူကို ခေါ်ပြီးထည့်ထားပါတယ်။ သူလည်း တော်တော်မိုက်တယ်၊ ခွေထွက်လာရင် အားပေးကြပါဦးလို့ ပြောချင်ပါတယ်။ လာမည့် နိုဝင်ဘာလမှာ BO BO Entertainment ကနေဖြန့်မှာပါ။

မေး။      ။ နောက်ပိုင်းမှာ ကိုယ့်လူမျိုးအတွက် အကျိုးရှိမည့် ပညာပေး သီချင်းတွေ သီဆိုရမယ်ဆိုရင် လက်ခံမှာလား သိပါရစေ။

ဖြေ။       ။ လုပ်ရမှာပေါ့၊ ကိုယ့် လူမျိုးအတွက်ဆို အမြဲ အသင့်ပါပဲ။ တစ်ခုပဲ အလုပ်ကို အလုပ်နဲ့ တူအောင်လုပ်တာမျိုးဆို အမြဲ Welcome ပါ။

Share.

About Author

Leave A Reply

*

code