ပထမဆုံးအကြိမ် International Chin Christian Youth Conference 2017 ညီလာခံပွဲကြီး မီဇိုရမ်တွင် ကျင်းပမည်

0

နိုင်ငံတကာ ချင်းခရစ်ယာန်လူငယ်များညီလာခံ International Chin Christian Youth Conference 2017 ကို မီဇိုရမ်ပြည်နယ် Lawngtlai မြို့တွင် နိုဝင်ဘာ ၂၃-၂၆ ရက်နေ့များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

International Chin Christian Youth Conference 2017 သည် ပမဆုံးအကြိမ်ပြုလုပ်မည့် ညီလာခံဖြစ်ပြီး အဆိုပါ ညီလာခံပွဲကြီး ကို International Chin Literature Society (ICLS) မှ ဦးစီးကျင်းပမည်ဖြစ်ပြီး၊ အိမ်ရှင်အဖြစ် Lairam Isua Krista Baptist Kohhran (LIKBK) အသင်းတော်မှ လက်ခံကျင်းပမည်ဖြစ်ကြောင်း ICLS website တွင် ဖော်ပြသည်။

အဆိုပါ နိုင်ငံတကာ ချင်းခရစ်ယာန်လူငယ်များညီလာခံပွဲကို မီဇိုရမ်ပြည်နယ် Lawngtlai AOC အားကစားကွင်းတွင် ကျင်းပမည် ဖြစ်ပြီး ဧည့်သည်တော်ကြီးအဖြစ် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalthanhawla ကို ဖိတ်ကြားထားကြောင်း သိရသည်။

“Unity” ဆိုသည့် ဆောင်ပုဒ်ဖြင့်ကျင်းပမည့် ၎င်းညီလာခံပွဲကြီးတွင် နိုင်ငံခြားမှ ချင်းလူငယ်အများအပြား လာရောက်ရန် မျော်မှန်းထားပြီး လူဦးရေ ၂၀၀၀ ခန့်ပါဝင်နိုင်သည့် pandal ကိုလည်း ဆောက်လုပ်လျှက်ရှိပြီး နိုဝင်ဘာ ၁၅ ရက်နေ့မတိုင်မီ အပြီးစီးလုပ်ဆောင်သွားမည်ဟု သိရသည်။ ၄င်းညီလာခံပွဲအတွက် ကုန်ကျစရိတ် ရူပီး သိန်း ၅၀ လျှာထားကြောင်း သိရသည်။

ဒီညီလာခံပွဲကြီးသည် အသင်းတော်တစ်ပါးမှ ကြီးမူးကျင်းပခြင်းမဟုတ်သည့်အတွက် နိုင်ငံတကာရှိ ချင်းလူငယ်များစွာ လာရောက် ကြမည်ဟု မျော်လင့်ပြီး၊ ၄င်းညီလာခံပွဲကြီးတွင် ရိုးရာယဉ်ကျေးမှုအကအပြင် အဆိုတော်များစွာ ပါဝင်ကြမည်ဟုလည်း ထပ်မှန်သိရသည်။

Share.

About Author

Leave A Reply

*

code