ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် AA လက်နက်ကိုင်တပ်ဖွဲ့ တိုက်ပွဲဖြစ်

0

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ကုန်ပြင်ကျေးရွာအထက်ပိုင်း အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင် မြန်မာ့တပ်မတော် နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (Arakhan Army) တို့ နိုဝင်ဘာလ ၁ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့တို့သည့် ယနေ့နံနက်ပိုင်း အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားသည်ဟု ယူဆရပြီး သေနတ်သံများ ကြားနေရဆဲဖြစ်သည်ဟု ဒေသခံပြည်သူများ၏ ပြောဆိုချက်ကို ကိုးကားပြီး ပလက်ဝဒေသသတင်းကို အဓိရေးသားတင်ဆက်သည့် ခူမီးမီဒီယာတွင် ရေးသားဖော်ပြထားသည်။

ခူမီးမီဒီယာမှ အယ်ဒီတာ ကိုပီတာက “ ကုန်ပြင်ရွာသားတွေဖုန်းဆက်ပြီးပြောပြချက်အရတော့ ဒီမနက်ထိ သေနတ်သံတွေကြားနေရသေးတယ်၊ ရွာသားတွေလည်း အပြင်မထွက်ရဲကြဘူး ခုချိန်က စပါးရိတ်ပြီးလို့ တောင်ယာကနေ အိမ်ကိုသယ်နေတဲ့အချိန်လေ ဒါပေမယ့် တောင်ယာမသွားကြဘူး အထိပ်တလန့်ဖြစ်နေကြတယ်” ဟု ပြောသည်။

တိုပွဲဖြစ်ပွားသည့်နေရာသည် ကုန်ပြင်ကျေးရွာအနောက်ဖက် (၂) ကီလိုမီတာအကွာအဝေးရှိ “ ဆမန်းတလန်’’ တော်တန်းပေါ်၌ (၂) နာရီနီးပါးခန့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျဆုံးထိခိုက်ဒဏ်ရာရသူအများအပြားရှိသည်ဟု ရက္ခိုင့်တပ်မတော( AA) သတင်းနှင့်ပြန်ကြားရေးဌာနဘက်မှ သတင်းထုတ်ပြန်ထားသည်။

Share.

About Author

Leave A Reply

*

code