ပြည်သူများလုံခြုံရေးနှင့် အကာကွယ်ပေးရေး လုပ်ဆောင်မည်ဟု CNF ဆို

0

ချင်းပြည်နယ်အတွင်းရှိ ပြည်သူများလုံခြုံရေးနှင့် အရပ်သားများကို အကာအကွယ်ပေးရေးအတွက် လုပ်ဆောင်သွားမည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် နိုဝင်လဆန်းပိုင်းကစတင်ပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အရပ်သားများသေဆုံးမှုရှိသကဲ့သို့ ဒေသခံပြည် သူ ၃၀၀ ကျော် နေရပ်စွန့်ခွါစစ်ဘေးရှောင်တိမ်းနေရသည့်ကိစ္စနှင့်ပတ်သက်ပြီး နိုဝင်ဘာလ ၁၅ ရက်နေ့က ကြေညာချက်တစ်ထောင်ထုတ်ပြန်ပြီး CNF ကပြောဆိုလိုက်ခြင်းဖြစ်သည်။

CNF လက်ထောက်အထွေထွေအတွင်းရေးမှူး(၃) ပူးထက်နီက “ AA အနေနဲ့ ချင်းပြည်နယ်မှာ မနေတော့တာ အကောင်းဆုံးပဲ၊ သူတို့ကို စစ်ရေးရှောင်ဖို့၊ လူထုကို ဒုက္ခရောက်အောင်မလုပ်ဖို့ ပြောထားပြီးသားပါ။ လူထုလုံခြုံ ရေးကို မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်သွားရမှာပဲ’’ ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

သို့ သော်လည်း မည်ကဲ့သို့ လုပ်ဆောင်သွားမည်ကို အသေးစိတ်ပြောဆိုခြင်းမရှိပေ။

ပြည်သူလူထု၏ လူမှုဘ၀လုံခြုံရေးနှင့် အရပ်သားများ အကာအကွယ်ပေးခြင်းကို မည်သည့်အခြေအနေတွင်မ ဆို မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့မှ အပြည့်အ၀ လုပ်ဆောင်ရမည်ဖြစ်သည်ဟုလည်း CNF ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

AA နှင့် မြန်မာတပ်မတော်တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု စုံစမ်းသိရှိရပြီး အဆိုပါတိုက်ပွဲများကြောင့် နိုဝင်ဘာလ ၈ ရက်နှင့် ၁၁ ရက်နေ့က အရပ်သား ၂ သေဆုံးပြီး ပလက်ဝမြို့နယ် ကုန်ပြင်ကျေးရွာနှင့်အနီးတ၀ိုက်ရှိ ဒေသခံပြည်သူ ၃၀၀ ကျော်တို့သည် စစ်ဘေးတိမ်းရှောင်နေကြရသည်။

ယင်းသည် ပလက်ဝမြို့နယ်တစ်ခုတည်း၏ ပြသနာမဟုတ်ဘဲ ချင်းပြည်နှင့် ချင်းလူမျိုးတစ်ရပ်လုံး၏ အရေးပြသနာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပမှ ချင်းအမျိုးသားများအားလုံး ၀ိုင်းဝန်းပံ့ပိုးကူညီကြရန်လည်း CNF က တောင်းဆိုထားသည်။

ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC) တို့၏ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချူပ်(၈-ဂ) တွင် “ ချင်းပြည်နယ်အတွင်း မြန်မာ့တပ်မတော် အစိုးရလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ချင်းအမျိုးသားတပ်မတော်  တို့သာ နေရာချထားခွင့်ပြုရန် သဘောတူသည်’’ ဟု အတိအလင်းဖော်ပြထားသည်။

သို့သော်လည်း ရက္ခိုင့်တပ်မတော်အနေဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ခြေကုပ်ယူစစ်ရေးလှုပ်ရှားနေပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေကြခြင်းဖြစ်သည်။ ချင်းအမျိုးသားတပ်မတော်နှင့်တော့ တိုက်ပွဲများဖြစ်ပွားခြင်းမရှိသေးပေ။

Share.

About Author

Leave A Reply

*

code