Khampat Bungpui နှင့် History of Mizo in Burma အကြောင်း ရေးသားထားသည့်စာအုပ် ဖြန့်ချီ

0

ချင်း (ဇိုမျိုးနွယ်စု)များအတွက် အရေးကြီးသော သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည့် တမူးမြို့နယ် ခမ်းပတ်ကျေးရွာတွင် တည်ရှိသော ညောင်ပင်အို (Bungpui) အကြောင်းနှင့် မြန်မာနိုင်ငံရှိ မီဇိုးလူမျိုးများ၏သမိုင်းအကြောင်းအရာကို ရေးသားပြုစုထားသည့် စာအုပ် Khampat Bungpui နှင့် History of Mizo in Burma ဆိုသည့် စာအုပ်ကို မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နေ့၌ ဖြန့်ချီခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်ဖြန့်ချီခြင်းအခမ်းအနားကို မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်မြို့ရှိ Zonet Studio တွင် ခမ်းပတ် ညောင်ပင်အို ထိန်းသိမ်းစောင်ရှောက်ရေး ကော်မတီမှ ပြုလုပ်ခဲ့ပြီး Art & Cultural director R.Hmingthanzuala က စာအုပ်ကိုဖြန့်ချီ ပေးခဲ့ကြောင်း မီဇိုရမ်ဒေသထုတ် The Aizawl Post သတင်စာတွင် ဖော်ပြသည်။

ချင်း(ဇိုး) မျိုးနွယ်စုများရဲ့ အမွေနှစ်ဖြစ်သည့် ခမ်းပတ်ညောင်ပင်အိုအကြောင်းနှင့် ကော်မတီရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုပုံစံများကို ရေးသားပြုစုထားပြီး ယခုလို စာအုပ်ဖြစ်အောင် ထုတ်ဝေနိုင်ခြင်းဟာ ချင်း(ဇိုး)မျိုးနွယ်စုများအတွက် ကောင်းမွန်သည့်အရာဖြစ်ပြီး မျိုးဆက်သစ်လူငယ်များအတွက် အကျိုးရှိတဲ့ စာအုပ်ဖြစ်မယ်လို့လည်း Art & Cultural director က ပြောသည်။

ခမ်းပတ်ညောင်ပင်အိုထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ မှတ်တမ်းပြုစုချက်အရာ အဆိုပါ ညောင်ပင်အို ထိန်းသိမ်းဖို့အတွက် ငွေကြေးအများဆုံး လှူဒါန်းသူမှာ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ပူးဇိုးရမ်းထန်းငါ ဖြစ်ပြီး ရူပီး ၅ သိန်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

၂၀၀၇ ခုနှစ်က ရေတိုက်စားမှုကြောင့် ထိုညောင်ပင်အိုကြီးမှာ ပျက်ဆီးသွားနိုင်သောကြောင့် အချိန်မှီ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ဖို့လိုအပ်နေသောကြောင့် ၂၀၀၇ မေလ ၃ ရက်နေ့တွင် ခမ်းပတ်ညောင်အို ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ (Khampat Bungpui Humhalhtu Committee) ကို စတင်ဖွဲ့စည်းခဲ့သည်။

လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် ဇူလိုင်လက မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalthanhawla မှ အိန္ဒိယ နိုင်ငံခြားရေးရာ ဝန်ကြီး Sushma Swaraj တို့ တွေ့ဆုံးခဲ့စဉ်က ခမ်းပတ် ညောင်ပင်အို (Bungpui) ကို ကာကွယ်ထိန်းသိမ်းရန်လိုအပ်ကြောင်း တင်ပြခဲ့ပြီးနောက် မြန်မာအစိုးရကို အိန္ဒိယအစိုးရမှ စာရေးပြီး တောင်းဆိုခဲ့သည်။

သမိုင်းကြောင်းအရ ချင်းဘိုးဘွားများသည် လွန်ခဲ့သော AD 1150 – 1200 ၀န်ကျင်းခန့်က ကဘော်ချိုင့်ဝှမ်း ဒေသတွင် အခြေချနေထိုင်ခဲ့ကြပြီး နောင်တစ်ချိန်ချိန်တွင် ပြန်လည်စုစည်းကြရန်အတွက် ရည်ရွယ်ကာ ခမ်းပတ်ကျေးရွာတွင် ညောင်ပင် တစ်ပင်ကို စိုက်ပျိုးခဲ့ကြသည်ဟု သိရသည်။

Share.

About Author

Leave A Reply

*

code