Zofate (ချင်း)မျိုးနွယ်စုအားလုံး အုပ်ချုပ်မှုတစ်ခုအောက်တွင်ရှိရေး MNF ဆောင်ရွက်မည်

0

မီဇိုရမ်ပြည်နယ်ရှိ နိုင်ငံရေးပါတီတစ်ခုဖြစ်သော Mizo National Front (MNF) အနေဖြင့် နိုင်ငံတကာရှိ Zofate ဇိုး(ချင်း)မျိုးနွယ်စုများ နေထိုင်သည့် နယ်နမိတ်အားလုံး အုပ်ချုပ်မှုတစ်ခုအောက်တွင်ရှိရေး လုပ်ဆောင်လျှက်ရှိပြီး ဆက်လက်ဆောင်ရွက်သွားမည်ဟု ပါတီ ဒု-ဥက္ကဌ Dr R Lalthangliana က ပြောသည်။

အဆိုပါကိစ္စကို ဒီဇင်ဘာ ၆ ရက်နေ့၌ ကျန်ဖိုင်းမြို့တွင် ပြုလုပ်ကျင်းပခဲ့သည့် Socio Economic Development Policy (SEDP) သင်တန်းပြုလုပ်ရာတွင် ဧည့်သည်တော်ကြီးအဖြစ် ဖိတ်ကြားထားခြင်းခံရသည့် MNF ပါတီ ဒုဥက္ကဌက ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း မီဇိုရမ်ဒေသထုတ် The Aizawl Post သတင်းစာတွင် ဖော်ပြသည်။

“လာမယ့် ၂၀၁၈ ခုနှစ်တွင် MNF ပါတီ အစိုးရဖြစ်လာပါက အနယ်နယ်အရပ်ရပ်မှာရှိနေကြတဲ့ ဇိုး(ချင်း)မျိုးနွယ်စုများ တလုံးတဝ တည်းရှိနိုင်ရေးအတွက် International Zofa Convention နှင့် Cultural Meet တို့ကို ပြုလုပ်သွားရန် SEDP အနေဖြင့် ရည်ရွယ် ထားတယ်” လို့ ပြောသည်။

၎င်းကိစ္စကို အကောင်ထည်ဖော်ဆောင်နိုင်ရန်အတွက် ဇိုး(ချင်း)မျိုးနွယ်စု အများစုနေထိုင်သည့်နေရာများကို သွားရောက်ကြရန် အစီအစဉ်များရှိကြောင်း Dr R Lalthangliana ပြောဆိုခဲ့ပြီး Tripura ပြည်နယ်ကို MNF ပါတီ ဥက္ကဌ Pu Zoramthanga သွားရောက်ရန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို senior ဒု-ဥက္ကဌ Pu Tawnluaia နှင့် ဘဏ္ဍာထိန်း Pu Vanlalzawma တို့ သွားရောက်ရန်၊ မဏိပူပြည်နယ်ကို ပါတီ ဒု-ဥက္ကဌ Pu Tlanghmingthanga သွားရောက်မှာဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံကို Dr R Lalthangliana ကိုယ်တိုင် သွားရောက်ရန် အစီစဉ်များရှိကြောင်း သိရသည်။

ဇိုး(ချင်း)မျိုးနွယ်စုများသည် ၁၈၉၀ ခုနှစ် အင်္ဂလိပ်ကိုလိုနီ လက်အောက်ကျရောက်ချိန်မှစပြီး ယနေ့ချိန်ထိ အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံး နိုင်ငံရှိ သီးခြားအုပ်ချုပ်မှုအောက်တွင် ပြန့်နှံ့နေထိုင်ခဲ့ကြခြင်းဖြစ်သည်။

Share.

About Author

Leave A Reply

*

code