ဟားခါးပြည်သူ့ဆေးရုံတွင် ခွဲစိတ်လူနာတွေထံ ငွေကောက်ခံ

0

ချင်းပြည်နယ်မြို့တော် ဟားခါးပြည်သူ့ဆေးရုံတွင် ခွဲစိတ်ကုသသူ လူနာတဦးလျှင် ဆရာဝန်ပူဇော်ခ ကျပ်ငွေ ၃၀၀၀၀၊ ဆရာမ လဘက်ရည်ဖိုး ကျပ်ငွေ ၁၀၀၀၀ ကုန်ကျသည်ဟု သိရသည်။

ဆေးဖိုးဝါးခမပါသေးကြောင်း အဲဒီအပြင် ခွဲစိတ်ခန်းစရိတ်၊ ဆရာဝန်အကူ သူနာပြုဆရာမ ၂ ဦး အတွက် ထပ်မံ ငွေပေး ရသေးကြောင်း ကျေးလက်ဒေသမှ လူနာရှင်တဦးက ပြောသည်ဟု ယခုလ ၃ ရက်နေ့ထုတ် ဒေသသတင်းတွင် ဖော်ပြ ထားသည်။

ဟားခါးပြည်သူ့ဆေးရုံတွင် တနေ့လျှင် ခွဲစိတ်လူနာ ၈ ဦး နှင့် ၁၀ ဦးအကြားရှိသည်ဟု ခန့်မှန်း ရကြောင်း၊ တချို့ ဒေသခံ လူနာများသည် အခမဲ့ ခွဲစိတ်နေ သည့် ထန်တလန်ပြည်သူ့ဆေးရုံသို့ ကုသနေကြသည်ဟုလည်း ဆက်လက် ဆိုထား သည်။

အဆိုပါ အမည်မဖော်လိုသူ လူနာရှင်သည် အိမ်အပြန်လမ်းစရိတ်မရှိတော့ သဖြင့် ခြေကျင်ဖြင့် လျှောက်ရကြောင်း၊ ဟား ခါးပြည်သူ့ဆေးရုံတာဝန်ရှိများ၏ လဒ်စားနေမှုကို ပြည်နယ်အစိုးရမှ အရေး ယူဆောင်ရွက်မှုပြုလုပ်ပေးရန် တောင်းဆို ထားကြောင်း သိရသည်။

အစိုးရက ကုန်ဈေးနှုန်းကြီးမားသည့် ချင်းပြည်နယ်တွင် အစိုးရ၀န်ထမ်းများ၊ ပင်စင်စားများအတွက် ယခင်လစာ တဆ တိုး ပေးသည့်အပြင် တောင်တန်း စရိတ်အတွက် ဆိုပြီး ယခုနှစ်တွင် တိုးပေး ထားပြီးဖြစ်သည်။

“ လစာလည်း မတိုးခင် ယခင်အစိုးရလက်ထက်အတိုင်း ကျန်းမာရေးဝန်ထမ်းတွေက ငွေကောက်နေ တာ ပြည်နယ်အ စိုးရက ဌာနဆိုင်ရာတွေကို ကြပ်မတ်သင့်တယ် ” ဟု မြို့မိမြို့ဖ တဦးက ပြောသည်။

ပြီးခဲ့တဲ့ လက မတူပီမြို့တွင် ဆရာဝန်ပေါ့လျော့မှုကြောင့် ဗိုက်ခွဲ မိခင် နှင့် ကလေးတဦး အသက် ဆုံးရှူံးမှုဖြစ်ပွားခဲ့သည်။

Share.

About Author

Comments are closed.