Chapchar Kut ပွဲတွင် ဧည့်သည်တော်ကြီးအဖြစ် ချင်းပြည်နယ်ဝန်ကြီးချုပ်ကို ဖိတ်ခေါ်မည်

0

မီဇိုးလူမျိုးများ၏ အထွဋ်အမြတ်ထားရှိသော ရိုးရာယဉ်ကျေးမှုပွဲတော်ကြီးဖြစ်သည့် ၂၀၁၈ Chapchar Kut ပွဲတွင် ဧည့်သည်တော်ကြီးအဖြစ် ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်ကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalthanhawla နဲ့အတူ Chapchar Kut Organising Committee အဖွဲ့များ ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့တွင် အစည်းအဝေးထိုင်ပြီး ဒီနှစ် Chapchar Kut ပွဲတော်ကို နှစ်ရက်တာ ကျင်းပသွားရန် နှင့် ဧည့်သည်တော်ကြီးအဖြစ် ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်အား ဖိတ်ကြားသွားရန် ဆုံးဖြတ်ခဲ့ကြောင်း မီဇိုရမ်နေ့စဉ် ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

ဧပြီလ ၁ ရက် နှင့် ၂ ရက်နေ့တွင် ကျင်းပမည့် အဆိုပါ Chapchar Kut ပွဲတော်ကြီးတွင် Kut Pa ခေါ် ပွဲတော်ကြီး ဖခင်အဖြစ် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်အား ဖိတ်ကြားသွားရန် နှင့် အနယ်နယ်အရပ်ရပ်မှာရှိကြသည့် ဇိုးမျိုးနွယ်စုများလည်း ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ပထမနေ့ရက်တွင် မီဇိုးရိုးရာယဉ်ကျေးမှု အားကစားများ ပြုလုပ်သွားမှာဖြစ်ပြီး၊ ဒုတိယနေ့ရက်တွင် ယဉ်ကျေးမှုအက နှင့် ဖျော်ဖြေရေးအစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်သည်။

၎င်းအပြင် painting exhibition, photo exhibition, flower show-cum-exhibition, foot court နှင့် handloom exhibition များလည်း ပြုလုပ်သွားရန် အစီအစဉ်များရှိကြောင်း သိရသည်။

Share.

About Author

Leave A Reply

*

code