အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်တွင် မိုင်းနင်းမိ၍ ရွားသားတစ်ဦး ထိခိုက်ဒဏ်ရာရ

0

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ် Burdukbanga ကျေးရွာသား အသက် (၂၆) နှစ်အရွယ်ရှိ Jitua Tongchangya သည် တောထဲအစာရှာဖွေရင်း မြေမြှုပ်မိုင်း ကိုနင်းမိ၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း နှင့် လောင်တလိုင် ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေရကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုမှာ ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းတွင် Jitua Tongchangya နှင့် Morokto Tongchangya တို့ သူငယ်ချင်း နှစ်ဦးတို့မှာ တောထဲသွားပြီး ဟင်းချက်စရာရှာဖွေခဲ့ပြီး Jitua Tongchangya က ယခုလို မြေမြှုပ်မိုင်းကို နင်းမိခဲ့ခြင်းဖြစ်ကြောင်း မီဇိုရမ် နေ့စဉ်ထုတ် သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

“ဘယ်ခြေဖဝါး စုတ်ပျက်သွားပြီး၊ ညာ ခြေသလုံးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း နှင့် အသက်အန္တရယ် စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်ကြောင်း” သိရသည်။

ယခု နင်းမိသည့် မိုင်းမှာ အိန္ဒိယနိုင်ငံအတွင်းမှာ ထောင်ထားသည့် မိုင်းဖြစ်ပြီး လတ်တလော ဒီနေရာ ဒီဒေသတဝန်းတွင် တိုက်ခိုက်ခဲ့ကြ သော မြန်မာတပ်မတော် ထောင်းထားသည့် မိုင်းလား၊ ရခိုင်တပ်မတော် ထောင်ထားသည့်မိုင်းလား ဆိုတာကိုတော့ တိတိကျကျ မသိရသေး ကြောင်း သတင်းရရှိသည်။ Burdukbanga ကျေးရွာသည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် တွင် တည်ရှိပြီး မြန်မာနိုင်ငံမှ ငါးမိုင်သာ ကွာဝေးသည့် ရွာကလေးဖြစ် ကြောင်း သိရသည်။

Share.

About Author

Leave A Reply

*

code