အိန္ဒိယ-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး ပထမဆုံးအကြိမ် အိန္ဒိယ Republic Day ပူးတွဲကျင်းပ

0

ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျရောက်သော India Republic Day ကို မီဇိုရမ်ပြည်နယ် နယ်စပ်နှစ်နေရာတွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားကို မီဇိုရမ်ပြည်နယ် အာသန်ရိုင်ဖယ်မှ ကြီးမူးပြီး မြန်မာနိုင်ငံ တပ်မတော်အရာရှိများ နှင့် မြန်မာပြည်သူ ပြည်သားများကို ဖိတ်ခေါ်ပြီး မီဇိုရမ်ပြည်နယ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post သတင်းစာတွင် ဖော်ပြသည်။

မီဇိုရမ်ပြည်နယ် ဆိုင်းဟာမြို့နယ် Sap ကျေးရွာအနီး Border Pillar 21 တွင် ကျင်းပခဲ့ပြီး ၄င်းအပြင် ကျန်ဖိုင်းမြို့နယ် ဇိုးခေါထား တွင် နှစ်နိုင်ငံမှ ကျင်းပခဲ့သည်။

ဇိုးခေါထားတွင် ကျင်းပသည့် အဆိုပါအခမ်းအနားတွင် ချင်းပြည်နယ် ဟားခါး Tactical Operation Centre Commander Col နေမျိုးဇော် ဦးဆောင်ပြီး တက်ရောက်ခဲ့ကြောင်းနဲ့ နှစ်နိုင်ငံပြည်သူများထံ အခမဆေးကုသမှုပြုလုပ်သည့်အပြင် နှစ်နိုင်ငံ ချစ်ကြည် ရေးအားကစားပွဲများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆိုင်းဟားမြို့နယ် Border Pillar 21 တွင် ကျင်းပသည့် အခမ်းအနားတွင် မြန်မာနိုင်ငံ တပ်မတော်မှ Maj. ဆန်းသစ် နှင့် Capt. နိုင်လင်းသူတို့ ဦးဆောင်ပြီး လာရောက်ပါဝင်အားဖြည့်ပေးခဲ့ကြသည်။

ယခုလို နှစ်နိုင်ငံကျင်းပရခြင်းမှာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား ငြိမ်းချမ်းမှုဖန်တီးခြင်း နှင့် တပ်မတော်အချင်းချင်း ချစ်ခင်ရင်းနှီးမှု တည်ဆောက်နိုင်ရေးအတွက် ယခုလို အခမ်းအနားကို ပြုလုပ်ရခြင်းဖြစ်တယ်လို့ 23 Sector Assam Rifles commander Brig MS Mokha က ပြောသည်။

Share.

About Author

Leave A Reply

*

code