ခိုးဝင်ဘင်ဂါလီ (၄) ဦး ချင်းပြည်နယ်တွင်ဖမ်းမိ

0

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်မှ ခိုးဝင်လာသည့် ဘင်ဂါလီ (၄) ဦးကို ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် Mualbem ကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်း ၁ နာရီခွဲခန့်က ရဲတပ်ဖွဲ့မှ ဖမ်းမိသည်ဟု သိရသည်။

အိန္ဒိယ-မြန်မာ အမှတ် (၂) ကုန်သွယ်ရေးစခန်း ရိဒ်ခေါဒါရ်မြို့မှတဆင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ဘက်သို့ ဆိုင်ကယ် ကယ်ရီ ၂ စီးဖြင့် ခိုးဝင်လာသော အသက် (၂၀) အရွယ်ခန့်ရှိကြသော ဘင်ဂါလီအမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၁) ဦးကို တီးတိန်မြို့နယ် Mualbem နှင့် Leidawh ကျေးရွာအကြားတွင် ဖမ်းမိခြင်းဖြစ်သည်ဟု ဖလမ်းမြို့ရဲစခန်းမှ ရဲအုပ် လေးလှိုင်ကပြောသည်။

“ တီးတိန်မြို့နယ်အုပ်ချူပ်ရေးမှူးကနေပြီးတော့ ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့မှူးထံ အကြောင်းကြားလာတော့ ကျနော်တို့ပူးပေါင်းအဖွဲ့တွေနဲ့ရှာကြတာပေါ့ မနက် ၁ နာရီခွဲလောက်မှာ ဆိုင်ကယ် ကယ်ရီသမား ၂ ဦးအပါအ၀င် ဘင်ဂါလီ ၄ ဦးဖမ်းမိတာ’’ ဟု ရဲအုပ်ကပြောသည်။

ယခုအခါ ဘင်ဂါလီ (၄) ဦးနှင့် ဆိုင်ကယ် ကယ်ရီ ၂ ဦးကို ဖလမ်းမြို့ရဲစခန်းတွင် ဖမ်းဆီးချူပ်နှောင်ထားသည်။

ဘင်ဂါလီ (၄) ဦးတို့မှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ဆင်သီဘာရွာ၊ ခြင်းသမားရွာတို့မှဖြစ်ကြပြီး လွန်ခဲ့သော ရက်(၂၀) ခန့်က ဘူးသီးတောင်မြို့နယ်မှ စတင်ထွက်ခွါလာပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဖြတ်ကျော်ကာ ဖလမ်းမြို့နယ် ရိဒ်မြို့မှ ကလေးမြို့ စက်မှုဇုံလမ်းခွဲအထိ ကယ်ရီခ တစ်ဦးလျင် ကျပ်(၈၀၀၀၀) စီဖြင့် ငှါးရမ်းပို့ဆောင်ခိုင်း ခဲ့ခြင်းဖြစ်သည်ဟု နောက်ဆုံးရရှိသော ရဲစစ်တမ်းအရသိရသည်။

ဆိုင်ကယ် ကယ်ရီသမား(၂) ဦးမှာ ကလေးမြို့နယ် မော်စီကျေးရွာသား ဟရင်ဇာကပ် နှင့် ဇဗျက်လျန်နာတို့ဖြစ်ကြောင်းသိရသည်။

အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် ခိုးဝင်ဘင်ဂါလီများကို ဆိုင်ကယ် ကယ်ရီဖြင့် ကလေးမြို့ဘက်သို့ ပို့ဆောင်မှုများ ယခင်နှစ်များကလည်း ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ Photo- Nghepi

Share.

About Author

Leave A Reply

*

code