မီဇိုရမ်တွင် တိမ်းရှောင်နေကြသော စစ်ဘေးဒုက္ခသည်များ တနေရာတွင် စုစည်း

0

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းလောက်ကစပြီး မြန်မာတပ်မတော်နှင့်ရခိုင်တပ်မတော်အကြား ပစ်ခတ်တိုက်ခိုက်မှုကြောင့် မီဇိုရမ်ပြည်နယ် ကို ထွက်ပြေးလာကြပြီး ပြန့်နှံ့နေထိုင်ကြသော မြန်မာစစ်ဘေးဒုက္ခသည်များကို မီဇိုရမ်အစိုးရမှ တနေရာတွင် စုစည်းနေထိုင်ရန် စတင်လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြန်မာစစ်ဘေးဒုက္ခသည်များမှာ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ်ရှိ Zochachhuah, Laitlang, Dumzautlanga နှင့် Hmawngbuchhuah ကျေးရွာများတွင် ပြန့်နှံ့နေထိုင်ခဲ့ကြခြင်းဖြစ်သည်။

ယခုလို မြန်မာစစ်ဘေးဒုက္ခသည်များကို မီဇိုရမ်အစိုးရမှ Hmawngbuchhuah ကျေးရွာရှိ ဒုက္ခသည်စခန်းတွင် စုစည်းခဲ့ကြကြောင်း သိရပြီး ခုလို ပြုလုပ်ရခြင်းမှာ စစ်ဘေးဒုက္ခသည် များကို အလွယ်တကူ ကူညီနိုင်ရေးအတွက် ရည်ရွယ်ကြောင်း မီဇိုရမ် နေ့စဉ်ထုတ် သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးတိမ်ရှောင်လာကြသော မြန်မာစစ်ဘေးဒုက္ခသည်အချို့မှာ မိမိနေရပ်ဒေသကို ပြန်သွားကြပြီဖြစ်သော် လည်း ယခုလက်ရှိ စစ်တမ်းကောက်ချက်အရ လူဦးရေ ၁၀၅၃ ဦးရှိနေသေးကြောင်း သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ်ဒေသတွင် သေနတ်သံများမကြားရတော့ပေမယ့် မိမိနေရပ်ဒေသတွင် လုံခြုံမှုအပြည့်အဝမရှိသေးသည့်အပြင် ထောင်ထားသည့် မြေမြှုပ်မိုင်းအများအပြား ရှိနေသေး တာကြောင့် မိမိနေရပ်ဒေသသို့ မပြန်ရဲသေးခြင်းဖြစ်တယ်လို့ အဆိုပါ သတင်းစာတွင် ထပ်မှန်ဖော်ပြသည်။

Share.

About Author

Leave A Reply

*

code