မီဇိုရမ်တွင် ဆေးကုသမှုခံယူနေသော ရက္ခိုင့်တပ်မတော် တပ်သား ၉ ဦး အမှု စစ်ဆေး

0

မြန်မာ့တပ်မတော်နှင့်ပစ်ခိုက်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိကာ မီဇိုရမ်ပြည်နယ်တွင် ဆေးကုသမှုခံယူနေသော ရက္ခိုင့် တပ်မတော် တပ်သား ၉ ဦးတို့မှာ မီဇိုရမ်ပြည်နယ် တရားရုံးတွင် အမှုစစ်ဆေးခံယူနေရကြောင်း သိရသည်။ အဆိုပါ ၉ ဦးတို့မှာ မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောလ်ရှိ Bethesda ဆေးရုံတွင် အချိန်အတော်ကြာ ဆေးကုသမှု ခံယူနေရပြီး ကျန်းမာသက်သာလာတာနဲ့ ဆေးရုံကနေ ထွက်ပြီး Bawngkawn ရဲဌာနတွင် ထားရှိကာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့က မီဇိုရမ်တရားရုံးတွင် အမှု စစ်ဆေးခံယူနေရကြောင်း သိရသည်။

အဆိုပါ ၉ ဦးတို့မှာ မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောလ်ရှိ Bethesda ဆေးရုံတွင် အချိန်အတော်ကြာ ဆေးကုသမှု ခံယူနေရပြီး ကျန်းမာသက်သာလာတာနဲ့ ဆေးရုံကနေ ထွက်ပြီး Bawngkawn ရဲဌာနတွင် ထားရှိကာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့က မီဇိုရမ်တရားရုံးတွင် အမှု စစ်ဆေးခံယူနေရကြောင်း သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ပလက်ဝမြို့ဘက်တွင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကစ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်များ အကြား တိုက်ပွဲများဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရရှိသော ရက္ခိုင့်တပ်မတော် တပ်သားများ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးလာကြပြီး ယခုကဲ့သို့ ဆေးကုသမှုခံယူနေရခြင်းဖြစ်သည်။

Share.

About Author

Leave A Reply

*

code