Chapchar Kut ပွဲတွင် အပြန်အလှန် ဖိတ်ခေါ်ခြင်းသည် စည်းလုံးမှုတိုးပွားစေဟု တာဟန်း MWO ဥက္ကဌ ဆို

0

မီဇိုးလူမျိုးများ၏ အထွဋ်အမြတ်အထားဆုံးသော ရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်သည့် Chapchar Kut ပွဲတော်တွင် အနယ်နယ် အရပ်ရပ်မှ ဇိုးမျိုးနွယ်စုများ ပါဝင်နိုင်ရန် ဖိတ်ခေါ်ခြင်းသည် ဇိုးမျိုးနွယ်စုများအကြား စည်းလုံးမှု ပိုတိုးပွားစေသည်ဟု တာဟန်း Mizo Welfare Organization ဥက္ကဌ Pu Lalrosanga က ပြောသည်။

အဆိုပါကိစ္စကို မီဇိုရမ်ပြည်နယ်ရှိ မတ်လ ၁ ရက်နေ့တွင် ကျင်းပသည့် Chapchar Kut ပွဲတော်တွင် တက်ရောက်ဂုဏ်ပြု စကားပြောကြားခဲ့သော တာဟန်း MWO ဥက္ကဌ မှ ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ယခုလို Kut ပွဲတော်တွေမှာ အချင်းချင်း အပြန်အလှန် ဖိတ်ခေါ်တာဟာ ကျနော်တို့အကြား စည်းလုံးမှုကို တိုးပွားစေတယ်။ ဒီနှစ် ၂၀၁၈ Chapchar Kut ပွဲတော်မှာ အိုက်ဇောလ်ကိုလာဖို့ ဖိတ်ကြားတဲ့အတွက် အတိုင်းမသိ ဝမ်းမြောက်တယ်” လို့ ပြောသည်။

ဆက်လက်ပြီး နောင်လာမည့်အချိန်တွေမှာလည်း မီဇိုရမ် နှင့် မြန်မာနိုင်ငံရှိ ဇိုးမျိုးနွယ်စုများအနေဖြင့် ယခုထက်ပိုပြီး တစ်လုံးတဝ တည်း ရှိနိုင်ဖို့ရန်အတွက် ဆက်လက်ကြိုးစားလုပ်ဆောင်စေလိုကြောင်း နှင့် မြန်မာနိုင်ငံရှိ မတ်လ ၂၃ ရက်နေ့တွင် ကျင်းပမည့် Chapchar Kut ပွဲတော်မှာလည်း မီဇိုရမ်ပြည်သူလူထုအားလုံး လာရောက်ဖို့ရန် ဖိတ်ခေါ်ခဲ့သည်။

လွန်ခဲ့သော ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ ကလေးမြို့ တာဟန်းတွင် ကျင်းပခဲ့သည့် Chapchar Kut ပွဲတော်တွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalthanhawla ကို ဖိတ်ကြားတဲ့အတိုင်း လာရောက်ပါဝင်ပေးခဲ့ကြောင်း ၄င်းအပေါ် မြန်မာနိုင်ငံရှိ ဇိုးမျိုးနွယ်စုများ အထူးဝမ်းမြောက်ဝမ်းသာကြောင်း နှင့် ယခုလို မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင် လာရောက်တဲ့အတွက် မြန်မာနိုင်ငံအသီးသီး မှာ ရှိကြတဲ့ ဇိုးမျိုးနွယ်စုများအကြား တလုံးတဝတည်းဖြစ်စေတယ်လို့ ဆက်ပြောပါတယ်။

မီဇိုရမ်ပြည်နယ်တွင် နှစ်ရက်တာကျင်းပမည့် 2018 Chapchar Kut ပွဲတော်တွင် ဧည့်သည်တော်ကြီးအနေဖြင့် ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်ကို ဖိတ်ကြားထားသော်လည်း လာရောက်ပါဝင်နိုင်ခြင်းမရှိကြောင်း သိရသည်။

၎င်းအပြင် မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ့်၊ မဏီပူ၊ တီးပူရား၊ Meghalaya, Assam စသည့်နေရာများမှ ကိုယ်စာလှယ်များ တက်ရောက်နိုင်ခဲ့ကြပြီး အသီးသီး မိန့်ခွန်းပြောခဲ့ကြသည်။

Share.

About Author

Leave A Reply

*

code