မီဇိုရမ်ရှိ LCF အသင်းတော်၏ ၂၅ နှစ်ပြည့် ငွေရတုနှစ်ပတ်လည်နေ့ပွဲ ကျင်းပ

0

မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်ကျသော ချင်းလူမျိုးများအတွက် တည်ထောင်သော Lai Christian Fellowship အသင်းတော်၏ ၂၅ နှစ်ပြည့် ငွေရတုနှစ်ပတ်လည်နေ့ပွဲကို မီဇိုရမ်တွင် နှစ်ရက်တာ ကျင်းပပြုလုပ်သွားကြာင်း သိရသည်။

အဆိုပါ ငွေရတုနှစ်ပတ်လည်နေ့ပွဲကို ဧပြီလ ၁၁ – ၁၂ ရက်နေ့တို့တွင် ကျင်းပသွားမည်ပြီး ဧည့်သည်တော်ကြီးအဖြစ် မီဇီုရမ် ပြည်နယ် ဝန်ကြီးချုပ် Pu lalthanhawla ကို ဖိတ်ကြားထားပြီး ၄င်းအပြင် မြန်မာနိုင်ငံမှ ချင်းအဆိုတော်များနှင့် မီဇိုရမ်ပြည်နယ်ရှိ နာမည်ကျော် အဆိုတော်များစွာတို့၏ Live Concert ဖျော်ဖြေရေးအစီအစဉ်များလည်း ရှိကြောင်း ဖြစ်မြောက်ရေးကော်မတီတွင် ပါဝင်သူတစ်ဦး Emy က ပြောသည်။

“ပထမနေ့မှာ ကျေးဇူးတော်ချီးမွမ်းပွဲနှင့်ထမင်းလက်စုံစားပွဲရှိမယ်၊ စားရမည့်အသား နွာနောက်လည်း ရောက်လာပြီ၊ ဒုတိယနေ့ ည ၇ နာရီမှာ Lalthanhawla Auditorium ခန်းမတွင် Live Concert ဖျော်ဖြေရေး အစီအစဉ် ဆက်လက်ပြုလုပ်။”

၎င်း Live Concert ဖျော်ဖြေရေးအစီအစဉ်များတွင် မြန်မာနိုင်ငံ အိမ်မက်ဆုံရာ အစီအစဉ်မှ နာမည်ကြီးလာသော ချင်းအဆိုတော် Dika နှင့် Fred တို့ ပါဝင်ကြမည်ဖြစ်ပြီး ၄င်းအပြင် မီဇိုရမ်ပြည်နယ် နာမည်ကျော် အဆိုတော်များဖြစ်ကြသော PBK, Sawmtea နှင့် ချင်းသီချင်းအဲလ်ဘမ် ထုတ်ဝေဖြန့်ချီခဲ့ပြီးသော Zualbawihi တို့လည်း ပါဝင်ဖျော်ဖြေကြသည်။

အဆိုပါ LCF အသင်းတော်၏ ၂၅ နှစ်ပြည့် ငွေရတုနှစ်ပတ်လည်နေ့ပွဲအတွက် အိန္ဒိယငွေ ရူပီး ၁၀ သိန်းကျော် ရာထားပြီး၊ LCF အသင်းတော်တွင် ပါဝင်အမှုထမ်းဆောင်ခဲ့ကြသော သိက္ခါတော်ဆရာကြီးများနှင့် ပါစတာ အယောက်တိုင်းစီကိုလည်း ဖိတ်ခေါ်ထား ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်ရှိ Lai Christian Fellowship သည် မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိနေထိုင်ကျသော ချင်းလူမျိုးများ မိမိချင်းဘာသာ စကားအားဖြင့် ဘုးရားရှိခိုးနိုင်ရန် ရည်ရွယ်ပြီး ၁၉၉၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

Share.

About Author

Leave A Reply

*

code