ကလေးမြို့တွင် ဒုတိယအကြိမ် ဇိုမီးဂီတပွဲတော် ကျင်းပ

0

ချင်းပြည်နယ်နှင့်အနယ်နယ်အရပ်ရပ်မှ ဇိုမီးဂီတအနုပညာပါရမီရှင်များစုပေါင်း၍ ဒုတိယအကြိမ်မြောက် ဇိုမီးဂီတပွဲတော် (Zomi Guitar Festival 2018) ကို ကလေးမြို့တွင် ဧပြီလ ၅ ရက်နေ့က စည်ကားစွာကျင်းပခဲ့သည်။

အဆိုပါ ဒုတိယအကြိမ် ဇိုမီးဂီတပွဲတော်ကို ဇိုးမီးဂီတဝါသနာရှင်လူငယ်အဖွဲ့မှ ကြီးမှုးကျင်းပခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်၊ ဂါလိလဲခန်းမတွင် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း Tedim Times တွင် ဖော်ပြသည်။

ယခုလို ဂီတသမားတွေ တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်းနှီးမှုရှိပြီး စည်းစည်းလုံးလုံးနဲ့ အနုပညာလမ်းကြောင်းကို လက်တွဲလျှောက်လှမ်း သွားကြစေဖို့ ဝါသနာရှင်မိဘပြည်သူတွေရဲ့ တောင်းဆိုမှုအရ အခါအားလျော်စွာ အခုလို မျိုးပွဲတော်ကို ဆက်လက်ကျင်းပနိုင်ဖို့ ရည်ရွယ်ကြောင်း သိရသည်။

အနယ်နယ်အရပ်ရပ်မှလာရောက်ပါဝင်ကြသော ပင်တိုင်လိဒ်ဂီတာသမား ၁၁ ဦးတို့က တစ်ဦးချင်းအလိုက် လိုက်ပါလာကြသည့် တေးဂီတအဖွဲ့များနှင့်အတူ သံစုံတီးဝိုင်းများဖြင့် အဆိုဝါသနာရှင်များက သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အဆိုပါဇိုမီးဂီတပွဲတော်ကို ယခင်နှစ်ပထမအကြိမ်က G FORCE ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ဂစ်တာ တီးခတ်ကြသူ များသည် တော်၍၊ တတ်၍၊ ကျွမ်းကျင်၍ယှဉ်ပြိုင်တီးခတ်ကြခြင်းမဟုတ်ကြောင်း၊ မိမိတတ် ကျွမ်းသည့်ဂီတကို တစ်ဦးနှင့်တစ်ဦး ဖလှယ်ကြခြင်းဖြစ်ကြောင်း၊ နောင်လာနောက်သားများအနေဖြင့် ဂီတအနှစ်သာရကိုနားလည်ကာ ကြားဆရာ၊ မြင်ဆရာ၊ သင်ဆရာ အနေဖြင့် အနာဂတ်လူငယ်များအား လမ်းပြလက်တွဲခေါ်ယူခြင်းဖြစ်ကြောင်း၊ လူငယ်များကိုယ်တတ်ကျွမ်းသည့် အနုပညာဖြင့် လေလွှင့်မသွားဘဲ စည်းကမ်းပြည့်ဝသောဂီတသမားကောင်းများပေါ် ပေါက်လာစေချင်သည့် အဓိကရည်ရွယ်ချက်တစ်ခုဖြစ်သည်။

Share.

About Author

Leave A Reply

*

code