မီဇိုရမ်တွင် ခိုးဝင်လာသော နိုင်ငံခြားသား ၃၀၀ ကျော် ဖမ်းဆီး

0

အိန္ဒိယနိုင်ငံ အာသံ ပြည်နယ်ရှိ National Register of Citizens (NRC) တွင် မပါဝင်ဘဲ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုးဝင်လာသော နိုင်ငံခြားသား ၃၀၀ ကျော်ကို ယခုရက်ပိုင်းအတွင်း မီဇိုးကျောင်းသားအဖွဲ့များ အဖွဲ့ Mizo Zirlai Pawl မှ ဖမ်းဆီးပြီး ပြန်ပို့ခဲ့ကြောင်း သိရသည်။

ယခုလို NRC တွင် မပါဝင်ဘဲ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုးဝင်လာသော လူဦးရေ ၃၀၀ ကျော်ကို အာသံ နှင့် မီဇိုရမ်ပြည်နယ် မီဇိုရမ်ဘက်ခြမ်း Kolasib မြို့နယ် Vairengte, Bairabi နှင့် Saiphai ကျေးရွာများတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မီဇိုရမ်နေ့စဉ် ထုတ် သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

အာသံပြည်နယ်မှာ ယခုရက်ပိုင်းအတွင်း သန်းခေါင်စာရင်းခေါ် National Register of Citizens (NRC) ပြုလုပ်ခဲ့ပြီး အာသံပြည်နယ်ရှိ NRC တွင် နာမည်မပါဝင်သောသူများ လူဦးရေ ၄၁ သိန်းရှိကြောင်း သိရသည်။

ယင်း NRC တွင် နာမည်မပါဝင်သူများ မီဇိုရမ်ပြည်နယ်တွင် ခိုးဝင်လာမည်ကို စိုးရိမ်သော ကြောင့် MZP အနေဖြင့် နယ်စပ်ဒေသများတွင် လုံခြုံရေးချထားခဲ့ခြင်းဖြစ်သည်။

“ထင်ထားတာထက် များတယ်၊ မိမိပြည်နယ်လုံခြုံကာကွယ်ဖို့အတွက် ဇိုးမျိုးနွယ်စုများ စည်းလုံးဖို့လိုတယ်၊ အာသံပြည်နယ်ကနေ foreigner များ ဝင်ရောက်လာမှာ ကြောက်စရာကောင်းတယ်။ ပြည်သူလူထုများ စည်းလုံးဖို့လိုတယ်” လို့ MZP ဥက္ကဌ L.Ramdinliana Renthlei က ပြောသည်။

Share.

About Author

Leave A Reply

*

code