ရိုက်တာသတင်းထောက်နှစ်ဦး ထောင်ချမှု ချင်းမီဒီယာကွန်ယက်မှ ပြင်းပြင်းထန်ထန် ရှုတ်ချ

0

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥဒေဖြင့် တရားစွဲဆိုခဲ့ထားရသော ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးမှ ယနေ့ထောင်ဒဏ် (၇) နှစ်စီ ချမှတ်လိုက်သည့်အပေါ် ချင်းမီဒီယာကွန်ယက်မှ ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။

ရာဇ၀တ်မှုနှင့် အမှန်တရားကို ဖော်ထုတ်သော ရိုက်တာသတင်းထောက်နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်းသည် သတင်းသမားများ၏ အခွင့်အရေးကို ပိတ်ပင်ချိုးဖောက်ရာရောက်သလို သတင်းသမားများကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်ဟု ချင်းမီဒီယာကွန်ယက်၏ ဒါရိုက်တာတစ်ဦးဖြစ်သည့် ဆလိုင်းဟုန်းထွန်းဂေကပြောသည်။

“ ရာဇ၀တ်မှုကိုဖော်ထုတ်တဲ့သူကိုမှ ဖမ်းတယ်ဆိုမှတော့ ဒါက သတင်းသမားတွေရဲ့ လွတ်လပ်ခွင့်တွေ သတင်းသမားတွေရဲ့ အမှန်တရားဖော်ထုတ်ခွင့်တွေ ဖော်ထုတ်လာမယ့် သတင်းသမားတွေကို ခြိမ်းခြောက်လိုက်တဲ့အရာတခုလည်းဖြစ်နေတယ်၊ သူ့ရဲ့လုပ်ရပ်က NLD အစိုးရကိုယ်တိုင် တရားဥပဒေစိုးမိုးရေး လုပ်ပါမယ်ဆိုပြီး ကြွေးကျော်ခဲ့တာဟာက သူတို့ကိုယ်တိုင် ချိုးဖောက်လိုက်တဲ့သဘောဖြစ်နေတယ်’’ ဟု ဆလိုင်းဟုန်းထွန်းဂေကပြောသည်။

ယခုဖြစ်ရပ်သည် အများပြည်သူသတင်းမှန်သိရှိခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်ကို ချိုးဖောက်ရာဖြစ်ပြီး အမှန်တရားကို ဖုံးကွယ်လိုသည့် သဘောသက်ရောက်သည်ဟု ယူဆကြောင်း ချင်းမီဒီယာကွန်ယက်၏ ကြေညာချက်တွင်ဖော်ပြထားသည်။

အများပြည်သူသတင်းမှန်သိရှိခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်ကို ချိုးဖောက်ရာဖြစ်ပြီး အမှန်တရားကို ဖုံးကွယ်လိုသည့် သဘောသက်ရောက်သည်ဟု ယူဆကြောင်း ချင်းမီဒီယာကွန်ယက်၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ထို့အပြင် လက်ရှိ NLD အစိုးရနှင့် တရားစီရင်ရေး မဏ္ဍိုင်အနေဖြင့်လည်း ရာဇ၀တ်မှုကို ဖော်ထုတ်ရေးသားသည့် သတင်းသမားများကို ထောင်ဒဏ်ချမှတ်လိုက်သည့်ကိစ္စပြန်လည်သုံးသပ်စေလိုကြောင်း ချင်းမီဒီယာကွန်ယက်က တောင်းဆိုထားပါသည်။

ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်ညပိုင်းက မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင်တဆိုင်တွင် ဒုတပ်ကြပ်နိုင်လင်းနှင့် သွား ရောက်တွေ့ဆုံပြီး ဆိုင်မှပြန်အထွက်တွင် ရခိုင်အရေးလျှို့ဝှက်စာတမ်များ လက်ဝယ်တွေ့ရှိ သည့်ဟု ဆိုကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

Share.

About Author

Leave A Reply

*

code