မြန်မာ့နိုင်ငံရေးအခြေအနေ မီဇိုရမ်တွင် ရှင်းလင်းပွဲလုပ်

0

May 19, 2012 by khonumthungburmese

Current Situation of Democracy in Burma ဟုအမည်ပေးထားသော လက်ရှိမြန်မာ့ဒီမိုကရေစီရေး အခြေအနေ သတင်းစာရှင်းလင်းပွဲကို မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Press Club တွင် ချင်း နှင့် မီဇိုး အဖွဲအစည်း ၃ ခုတို့မှ ယမန့် နေ့က ကျင်းပပြု လုပ်ခဲ့ကြသည်။

သတင်းစာရှင်းလင်းပွဲကို အိုက်ဇောလ်မြို့အခြေစိုက် Zo Human Rights Global Network, Campaign for Democracy Movement in Burma နှင့် Mizoram Committee for Democracy in Burma အဖွဲ့ ၃ ဖွဲ့က ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ် ပြည်သူများက လက်ရှိမြန်မာနိုင်ငံအပြောင်းအလဲကို ဒီမိုကရေစီနိုင်ငံဖြစ်ပြီဟု ထင်မြင် ယူဆနေကြ ပြီး ဒေသအတွင်း နိုင်ငံရေးခိုလုံနေကြသော အဖွဲ့အစည်းများကို မိမိနိုင်ငံသို့ ဘာကြောင့် မပြန်ကြသေးသနည်း ဟု မေးမြန်းမှု ရှိလာသည့်အတွက် ခုလို သတင်းစာရှင်းလင်းပွဲ လုပ်ရခြင်းဖြစ်သည်ဟု Zo Human Right Global Network မှ ခေါင်း ဆောင် ပူးရိုဇထန်းငါ ကပြောသည်။

ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်ပြီး Campaign for Democracy Movement in Burma အဖွဲ့ခေါင်း ဆောင် ပူးရိုဇထန်းငါက အခုလိုပြောပါတယ်။

“မြန်မာပြည်ဟာ လုံးဝပြောင်းလဲပြီ ဒီမိုကရေစီနိုင်ငံဖြစ်ပြီး မင်းတို့နိုင်ငံမှာပြန်ချင်ပြန်ကျ ဒီမှာ မင်းတို့အနှောက်အယှက် အများကြီးလုပ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ ဒေသခံတွေက ပြောဆိုမှုရှိလာတာ ကြောင့် ဟုတ်ပြီ မြန်မာနိုင်ငံမှာက အပြောင်းအလဲ တချို့တော့ရှိတယ် ဒါပေမယ့် တကယ် မလွတ်လပ်သေးဘူး စိတ်ချရတဲ့အခြေအနေမဟုတ်သေးဘူးဆိုတာကို ကျနော်တို့ ရှင်းပြတာပါ’’ ဟု သူကပြောသည်။  

ပြီးခဲ့သောလပိုင်းက နိုင်ငံတော်သမ္မတက ပြည်ပရောက်မြန်မာနိုင်ငံသားများ ပြန်လာကြရန် ဖိတ်ခေါ်မှုများ ရှိနေသော် လည်း ပြည်ထောင်စုလွှတ်တော်မှ စနစ်တကျဆုံးဖြတ်ပြီး အစိုးရအနေဖြင့် တရားဝင်ကျေညာခြင်းမဟုတ်သောကြောင့် ဒီမိုကရေစီ အင်အားစုများ ပြည်တော်ပြန်ရန် စိုးရိမ်ရသေးသည်ဟု ပူးရိုဇထန်းငါကပြောသည်။

ချင်း နှင့် မီဇိုး လူမျိုးများသည် ရှည်လျားသော သမိုင်းကြောင်းအရ ညီအကိုသွေးချင်းတော်စပ်သူ များဖြစ်ကြပြီး ချင်းလူ မျိုးများသည် ၎င်းတို့နေထိုင်ကြသော နိုင်ငံတွင် အခက်ကြုံရခြင်းကြောင့် ယခုကဲ့သို့ မီဇိုရမ်ကို ရောက်လာကြခြင်းဖြစ် သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဒေသခံ မီဇိုး အဖွဲ့အစည်းဖြစ်သော Mizoram Committee for Democracy in Burma ခေါင်းဆောင် လာလ်းမွန်ပွီးယာ ပွန်သဲ က ပြောသည်။

“တကယ်ပြောမယ်ဆိုင် Zohnahthlak လို့ခေါ်တဲ့ ဇိုမျိုးနွယ်အများစုတွေဟာ မြန်မာနိုင်ငံမှာနေထိုင်ကြ ပါတယ် ဒီဘက် မှာ သူတို့ညီကိုတော်စပ်တဲ့ ကျနော်တို့တွေက ကောင်းမွန်တဲ့အုပ်ချူပ်မှုနဲ့ ပြည်နယ် သီးသန့်နဲ့ နေထိုင်နေ တဲ့ချိန်မှာ သူတို့ အခက်အခဲကြုံလာတဲ့ချိန်မှာတော့ ကျနော်စီကိုလာကြမှာဘဲ မြန်မာ့နိုင်ငံရေးအခြေအနေတွေ မကောင်း သေးသရွေး က တော့ ကျနော်တို့စီကို ဆင်းလာကြဦးမှာဘဲ’’ ဟု သူကပြောသည်။

မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ ရောက်ရှိလာသော ချင်းလူမျိုးစုစုပေါင်း ၆ သောင်းခန့်ရှိပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှု များတွင် ချင်းလူမျိုးတချို့ ပါဝင်ပတ်သက်မှုများရှိနေသောကြောင့် ဒေသခံများ၏ အမြင်မကြည်လင်မှုများလည်းခံနေရ သည်။

တချိန်တည်းတွင် Chin Society of Mizoram ဟုခေါ်သော အဖွဲ့အစည်းတခုကလည်း မီဇိုရမ်ပြည်နယ် တွင် နေထိုင် ကြ သော ချင်းလူမျိုးများ၏ သန်းခေါင်စာရင်းကောက်ခံနေသည်။

ယင်းစာရင်းများကို ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR) နဲ့ မြန်မာအစိုးရထံ ပေးပို့သွားမည် ဟုသိရပြီး ၎င်းတို့ကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုကာ မြန်မာနိုင်ငံကို ပြန်မည်ဆိုပါက နိုင်ငံတော် အစိုးရအနေဖြင့် စနစ်တကျနှင့် အထောက်အပံ့များ ပေးနိုင်ရန် စီစဉ်ရခြင်းဖြစ်သည်ဟု Chin Society of Mizoram ဥက္ကဌ ပူး Henry Cinzah က ခိုနူမ်းထုန်ကိုပြောသည်။

Share.

About Author

Comments are closed.