လာမည့် နှစ်ဦးတွင် မလေးရှားမှာ မျိုးနွယ်စုံ Chin Idol and Live Concert ကျင်းပ မည်

0

ချင်းမျိုးနွယ်စုံ ပါဝင်သည့် Chin Idol and Live Concert ကို လာမည့် နှစ်ဦးအတွင်းမလေးရှား နိုင်ငံကွာလာလာမ်ပူမြို့မှာ ကျင်းပရန် စီစဉ်နေလျက်ရှိသည်ဟု သတင်းရရှိသည်။

အစီအစဉ်ကို Chin Celebrity & Music Entertainment (CCME) မှ ဦးဆောင်ကျင်းပ သွားကြ မည်ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇန္န၀ါရီ ၁၃ – ၁၄ အကြား သတ်မှတ်ထားကြောင်း ယနေ့ နိုင်ငံကျော် ချင်းအဆိုတော်များဖြစ်ကြသည့် Mai Sung Tin Par,  Thawnkham အပါအ၀င် Cung Lian Thawng, Solomon Men Ri Hei နှင့် မီဇို နာမည်ကြီး အဆိုတော် Mami Varte, တို့အား အထူး ဖိတ်ကြားသွားမှာ ဖြစ်သည်။

“ ကျတော်တို့ချင်းတွေဟာ ဘုံဘာသာဆိုတာ မရှိပေမဲ့ ဒေသအလိုက် မျိုးနွယ်စု စာပေ၊ ယဉ်ကျေး မှု အသီးသီးရှိကြတယ်၊ အဲဒါတွေကို ဖွံ့ဖြိုးတိုးတက်စေချင်တာရယ်၊ ချင်းလူမျိုး ဖက်စုံဖွံ့ ဖြိုးတိုး တက်ရေးအတွက် နိုင်ငံတကာရောက်ချင်း တွေ အားလုံးက ဘုရားရှင်အားကိုးယင်း ဆောင်ရွက်စေ လိုတဲ့ရည်ရွယ်ချက်ကြောင့် ကျင်းပမှာဖြစ်တယ်” ဟု CCME မှ ပြောရေး ဆို ခွင့်ရှိသူ Salai Van Biak Mang က ပြောသည်။

မလေးရှားရောက် ချင်းမျိုးနွယ်စုံ အသီးသီးမှ အဆိုရှင် ၁၈ ဦးကို ပဏာမ ရွေးချယ်ပြီး ကျင်းပမှာ ဖြစ်ကြောင်း အမှတ်ပေး ဒိုင် ( Judge) တွေကို ဖိတ်ကြားထားသည့် ချင်းအဆိုရှင်များ နှင့် Pu Hnian Ceu Ling တို့မှာ ဆောင်ရွက်သွားကြ မှာဖြစ်သည်။

ထို့အပြင် ချင်းရိုးရာ  Fashion Show နှင့် ချင်းမျိုးနွယ်စုံ ရိုးရာဝတ်စားဆင်ယင်မှုကိုလည်း ကျားမ ခွဲပြီး သီးသန့် ပြသသွား မှာ လည်းဖြစ်သည် ဟု ဆက်ဆိုသည်။

နိုင်ငံတကာရောက်ချင်းလူမျိုးအများဆုံးနေထိုင်ရာသည် မလေးရှားနိုင်ငံဖြစ်ပြီး အနည်းဆုံး ၄၀၀၀၀ ခန့်နေထိုင်ကြသည် ဟု သိရသည်။

Share.

About Author

Comments are closed.