ဒေါက်တာလျန်မှုန်ဆာခေါင်း ချင်းတောင်တွင် Public Consultation ပြုလုပ်နေ

0

CNF Public Consultation Organizing Committee ဦးဆောင်မှုဖြင့် CNF အဓိပတိကောင်စီ ၀င် ဒေါက်တာ ဆလိုင်း လျန်မှုန်ဆာ ခေါင်း သည် ချင်းပြည်နယ် ထန်တလန်မြို့တွင် လူထု တွေ့ဆုံ ပွဲပြုလုပ်နေကြောင်း သိရသည်။

“ နိုဝင်ဘာလ ၅ ရက်နေ့ မနက် ၁၀ နာရီကနေ Diamond Jubilee  Hall မှာ လူထု တွေ့ဆုံပွဲ လုပ်တယ်၊ ဒေသခံ လူထု ၇၀၀ ခန့်ပါဝင်တက်ရောက်တယ်” ဟု CNF Public Consultation Organizing Committee Coordinator Salai SiangCungBik က ပြောသည်။

အလားတူ ဒေါက်တာဆလိုင်းလျန်မှုန်ဆာခေါင်းသည် ချင်းပြည်နယ်မြို့တော်ဟားခါးတွင်လည်း အောက်တိုဘာ ၃၁ ရက်နေ့မှ စပြီး နိုဝင်ဘာ ၂ ရက်နေ့အထိ လူထုတွေ့ဆုံပွဲ များပြုလုပ် ခဲ့ပြီးဖြစ် သည်။

“သူ ပြုစုထုတ်ဝေထားတဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဖက်ဒရေဆိုင်ရာကို ပို့ချတယ်၊ ပါဝင် တက်ရောက်သူများတယ်” ဟု ဟားခါးမြို့မှ ဒေသခံ မြို့မိမြို့ဖ တဦးက ဆိုသည်။

ထို့အပြင် ချင်းပြည်နယ်မှတဆင့် CNF အခြေစိုက်ရာ အိန္ဒိယ – မြန်မာနယ်စပ် သို့သွားရောက် ဖွယ်ရှိ ကြောင်း ပြောကြ သည်။ ချင်းတောင်သို့ရောက်ရှိစဉ် ကလေး၊ ဟားခါး၊ ထန်တလန်လူထုမှ သောင်းသောင်းဖျဖျကြိုဆိုကြကြောင်း သိရ သည်။

ဒေါက်တာလျန်မှုန်ဆာခေါင်းသည် Myanmar Egress and Peace Research Institute Oslo ကနေ ကမကထပြုပြီး ၁၃ – ၁၄ အောက်တိုဘာမှာ ကျင်းပမည့် The Seminar on Will Democracy Bring Peace to Myanmar ကို တက် ရောက်ဖို့ မြန်မာပြည်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ Seminar တွင် The 2008 Constitution and Ethni Issues: To What Extend did It Satisfy the Aspiration of various Ethnic Groups? ဆိုတဲ့ ၄င်း၏ စာတမ်းကို ဆွေးနွေးခဲ့ သည့်အပြင် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း နဲ့လည်း တွေ့ဆုံခဲ့သည်။

Share.

About Author

Comments are closed.