ဆင်းရဲနွမ်းပါးမှူ ပပျောက်ရေး အတွက် အလှူ ပစ္စည်းများ အလွဲသုံးစားပြုလုပ်

0

မြန်မာနိုင်ငံ အနောက်ဘက် ချင်းပြည်နယ် မတူပီမြို့ နယ်တွင် စစ်တပ်က ဆင်းရဲနွမ်းပါးမှူ ပပျောက်ရေး အတွက် အလှူခဲ့သော အလှူ ပစ္စည်းများ ကို ဒေသခံ အာဏာပိုင်များက အလွဲသုံးစားပြုလုပ် ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ် မတူပီမြို့ တွင် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ – ၁ (ကထစ)မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလွင်တို့  သွားရောက်ခဲ့စဉ် အလှူပစ္စည်းများကို မတူပီမြို့ အုပ်ချုပ်ရေးမှူးရုံးထံသို့  ပေးလှူခြင်းဖြစ်သည်ဟု မတူပီမြို့  ဒေသခံ တဦးကဆိုသည်။

“ဒုတိယ ဗိုလ်ချုပ်ကြီး ရာဟတ်ယာဉ်နဲ့ လာတုံးက ပေးတာ၊ မတူပီမြို့ အုပ်ချုပ်ရေးမှူး အဖွဲ့ တွေဆီ ပေးသွားတယ် ပေါ့။ သူတို့ က ကျေးရွာ အုပ်ချုပ်ရေး မှူးအဖွဲ့ ထံ တဆင့်လွှဲပေးတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့ က အဲဒီပစ္စည်းတွေကို သူတို့ ကြိုက်သလို ယူကြတာကို ရွာသားတွေက မကြေနပ် ကြဘူး” ဟုအဆိုပါ ဒေသခံကဆိုသည်။

ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့်အဖွဲ့ က ယင်းအလှူ ပစ္စည်းများကို မတူပီမြို့ ၊ မြို့ နယ် အုပ်ချုပ်ရေးရုံး သို့  နိုဝင်ဘာလက ပေးလှူခဲ့ကြောင်း၊ ၄င်းမှတဆင့် ဒီဇင်ဘာလ (၃)ရက်နေ့ တွင် မတူပီမြို့ နယ် အုပ်ချုပ်ရေးရုံးမှ မတူပီမြို့ နယ် မြောက်ဘက်ရှိ တီန်ဆီးကျေးရွာ ပြည်သူလူထု အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့ ထံ လွှဲပေးသည့် အလှူပစ္စည်းများကို ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ မှ အလွဲသုံး စားပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ က သူတို့ နဲ့ နီးစပ်သူတွေကို ဦးစားပေးပြီး ဝေတာ၊ သူတို့ မကြိုက် မနှစ် သက်တဲ့ အ၀တ်အထည်တွေကိုဘဲ လူထုကိုပေး တယ်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့ ဖြစ်တဲ့ ဦး သန်းလယ်က ၅ ထည်ယူတယ်။

ထို့ အပြင် ယင်းအလှူပစ္စည်းထဲမှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦး ရှန်အုပ်၏ ဇနီး ဒေါ် ငွေနီ၊ အုပ်စုစာရေး ဦးရာလ်ခန်းထုန် နှင့် ဇနီး ဒေါ် ခွါဘန်း၊ ဒု ကျောင်းအုပ် ဦးဖွာထန်းလျန်၊ ရပ်မိရပ်ဖ ဦး ဗန်ကွိနှင့် ဆယ် အိမ်ခေါင်း ဦးလယ်ချာတို့ မှလည်း ခွဲဝေယူကြကြောင်း သိရသည်။

ကာလတန်ဖိုးအားဖြင့် ကျပ်ငွေ သိန်း ၂၀၀ တန်ရှိသည့် အလှူပစ္စည်းကို သက်ဆိုင်ရာ အာဏာပိုင်များ ကအလွဲသုံးစားပြု လုပ်သည့် အပြင် ပေးဝေခဲ့ သည့် ပြည်သူများထံ သယ်ယူခ ၁၅၀၀ ကျပ်စီ ပြန်လည် ကောက်ခံကြောင်းသိရသည်။

Share.

About Author

Comments are closed.